၁၃.၁၁.၂၀၁၇ ရက်နေ့မှ ၂၆.၁၁. ၂၀၁၇ အထိ ဆရာ စံဇာဏီဘိ်ု၏ နှစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

ရည်မှန်းချက် အောင်မြင်မည်။ အခက်အခဲမှန်သမျှကို ထိုးဖောက်ပြီး ထူးခြားသော တိုးတက်မှုများ ဖန်တီးနိုင်မည်။ စိတ်ကူးရည်စူးချက် မှန်သမျှ လက်တွေ့အကောင်အထည်ဖော်ရန် အခါသင့်သည်။ နေကြာပန်းပွင့်ပုံ၊ သရဖူပုံ၊ သံလျက်ပုံ ပါသည့် ပစ္စည်းများ စုံညီစွာ လက်ခံရရှိလေသော် လွန်စွာ နိမိတ်ကောင်းသည်။ ထိုသို့ကြုံရပြီးရက်ပိုင်းအတွင်း ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း၊ ထူးခြားသော တိုးတက်ခြင်းနှင့် အလိုပြည့်စုံခြင်း ကြံုမည်။ ကာလရှည်ကြာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံ၍ ကြိုးပမ်းဆောင်ရွက်ထားသည်တို့၏ ကောင်းသောအကျိုးဆက်ကို ရမည်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အဝါရောင်၊ ခရမ်းရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၄၊ ၉

ယတြာ - စာသင်သားတစ်ဦးအား လွယ်အိတ်လှူဒါန်းပါ။

တနင်္လာနေ့မွေးသူများ

ငွေကုန်များမည်။ အပျော်အရှများမည်။ ခရီးကိစ္စ ဆောင်ရွက်ပါက အဆင်ပြေမည်။ ပြည်ပလူမျိုးကွဲ အကျိုးပေးမည်။ လုပ်ငန်းဟောင်းများမှ ကောင်းသော အကျိုးဆက် ဖြစ်ပေါ်မည်။ အပြောင်းအလဲကို အခြေခံ၍ တိုးတက်မှုအသစ် ဖြစ်ပေါ်မည်။ အရပ်ဝေး နိုင်ငံခြားမှ ကောင်းသတင်းများ ကြားသိရမည်။ ဆက်ဆံရသော ၀န်းကျင်တွင် အပြောင်းအလဲများဖြစ်မည်။ မရောက်ဖူးသော အရပ်ဒေသသို့ သွားရောက်ရမည်။ သူတစ်ပါးစကားယုံသောကြောင့် အမှားကြံုနိုင်သည်။ စကားမတည်သူများနှင့် တွေ့မည်။ ကိုယ်ကျိုးရှာသူများနှင့် ကြံုမည်။

ကံကောင်းစေသောအရောင် - မီးခိုးရင့်ရောင်၊ နက်ပြာရောင်၊ အညိုရောင်

အကျိုးပေးဂဏန်း - ၂၊ ၈၊ ၆၊ ၃

ယတြာ - သော့အဟောင်း၊ သော့ အကျိုးအပျက်တို့အား ရှာဖွေစွန့်ပစ်ပါ။

အင်္ဂါနေ့မွေးသူများ

ဆန့်ကျင်ဘက် အတိုက်အခံပြုသူများကြားမှ တိုးတက်မှုရရှိမည်။ ရည်ရွယ်ချက်သစ်များ စတင်အကောင်အထည်ဖော်နိုင်သည်။ ကာလရှည်ကြာ ကြိုးစားထားသည်တို့မှ ကောင်းသော အကျိုးဆက်ရမည်။ အရပ်ဝေးမှ ကောင်းသတင်းစကား ကြားသိရမည်။ ကိုယ့်အတွက် တစ်ပါးသူက စိတ်ဝင်စားမှုများ ရှိနေမည်။ တစေ့တစောင်း လေ့လာခံရမည်။ ဖြစ်ပေါ်နေသော အပြောင်းအလဲတို့ကို လက်ခံပါ။ ပစ္စည်းပျောက်တတ်သည်။ ခါးပိုက်နှိုက် ခံရတတ်သည်။ ငွေချေးပါက ဆုံးမည်။ ပညာသင်တန်းနှင့် ပတ်သက်သော ကိစ္စများ ကိုယ်တိုင်တွင်လည်းကောင်း မိသားစုတွင်လည်းကောင်း ကြံုမည်။

ကံကောင်းစေသောအရောင် - နက်ပြာရောင်၊ ရွှေအိုရောင်၊ နီညိုရောင်

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၀၊ ၉

ယတြာ - သံဃာတော်တို့ကို စတုမဓူ လှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ

ဦးတည်ချက်ပြောင်း၍ ရှေ့တိုးလုပ်ကိုင်သော ကိစ္စများမှ ထူးခြားသော တိုးတက်မှုများ ရရှိမည်။ စိတ်ချမ်းမြေ့ဖွယ်ရာများ ရှိမည်။ သူတစ်ပါး မသိလိုက်သော ကိစ္စများ လူသိရှင်ကြားဖြစ်မည်။ တစ်ပါးသူ သိစေလိုသော အရာများကို အတော်အတန် ကြိုးစားသည့်တိုင် သတင်းမပေါက်သလို ဖြစ်မည်။ အရပ်တစ်ပါးမှ ရောက်လာသော သူတစ်ဦး၏ ကိစ္စများကို တာဝန်ယူဖြေရှင်းရမည်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည် စတင်ရမည်။ ဆက်မလုပ်တော့ဟု စီစဉ်ထားသော ကိစ္စများ ဆက်လုပ်ဖြစ်မည်။ ကာလရှည်ကြာ မြှုပ်နေသောငွေ ပြန်ပေါ်မည်။ ရသင့်လျက် ကြန့်ကြာနေသည်များ ပြန်ရမည်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ အညိုရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၄၊ ၅၊ ၂၊ ၉

ယတြာ - သွားပွတ်တံ အဟောင်း ရှာဖွေစွန့်ပစ်ပါ။

ကြာသာပတေးနေ့ မွေးသူများ

ရည်မှန်းချက်သစ်များ အကောင်အထည်ဖော်ရန် အခါကောင်း ကျရောက်သည်။ ကာလရှည်ကြာ ဆောင်ရွက်ထားသည်တို့၏ အကျိုးဆက်ဟောင်းများ ရရှိမည်။ ဖြစ်ပေါ်လာသည့် အပြောင်းအလဲသစ်များနှင့် တစ်သားတည်းညီအောင် ဆောင်ရွက်နိုင်ခြင်းကြံုမည်။ အမျိုးသမီး မိတ်ဆွေ အကြီးအကဲ တစ်ဦးထံမှ ကောင်းသော အထောက်အကူ ရရှိမည်။ ကြယ်ပွင့်ပုံပါသော ပစ္စည်းလက်ဆောင်ရပါက် အထူးကောင်းသည်။ ထိုသို့ရရှိပြီး ရက်ပိုင်းအတွင်း ကွယ်ပျောက်နေသော ဘဝရည်မှန်းချက်များ ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်များ ရှိနေမည်။

ကံကောင်းစေသောအရောင် - အဝါရောင်၊ ကြံရည်ရောင်၊ အညိုရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉၊ ရ

ယတြာ - စနေနေ့တွင် သံဃာတော်တို့အား ထောပတ်ထမင်းလှူပါ။

သောကြာနေ့ မွေးသူများ

စိတ်ပင်ပန်းမည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ တစ်ပါးသူရေးရာများအတွက် အချိန်ကုန်၊ လူပန်း ဆောင်ရွက်ရမည်။ စာရွက်စာတမ်း၊ ငွေကြေးလက်ပြောင်း၊ လက်လွဲ သတိရှိပါ။ ပြသနာအခက်အခဲများ တစ်မျိုးပြီးတစ်မျိုး ဖြေရှင်းရမည်။ ၀င်ငွေကောင်းလင့်ကစား စိတ်ပင်ပန်းရခြင်းများ ရှိမည်။ ၈ ဂဏန်းပါ ယာဉ်ကားအား လူ ၄ ယောက်စီးနင်းခြင်း မပြုရပါ။ ကိုယ်လက်အင်္ဂါထိခိုက်မည်။ ငွေလိမ်ခံရမည်။ လူလိမ်၊ လူကောက်များ မိမိအနီးအပါး ရှိမည်။ စကား ကတိမတည်သူများနှင့် တွေ့မည်။ လက်ခံရန် ခက်ခဲသော အခွင့်အလမ်းများ ပေါ်မည်။ အပေါင်းအသင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၀၊ ၄၊ ၈၊ ၂

ယတြာ - ကြက်သွန် ၂၆ ကျပ်သား သံဃာတော်တို့ကို လှူဒါန်းပါ။

စနေနေ့မွေးသူများ

ဖြစ်လိုသောဆန္ဒနှင့် ရည်ရွယ်ချက်အလုံးစုံကို လက်တွေ့အကောင်အထည်ဖော် အောင်မြင်မည်။ သူတစ်ပါးကိစ္စ၊ အများကိစ္စအတွက် အချိန်ပေးရမည်။ ပညာသင်တန်းနှင့် ပတ်သက်သည်များကို ကြံုမည်။ အလုပ်၊ ရာထူးနှင့် နေရာအပြောင်းအလဲများကို ကြံုတွေ့ရမည်။ ကတိပျက်သောသူကြောင့် ရည်ရွယ်ချက်တစ်ချို့ နှောင့်နှေးမည်။ အမျိုးသမီး မိတ်ဆွေတစ်ဦးထံမှ အကူအညီရမည်။ အရပ်ဝေးမှ မိတ်ဆွေကောင်းများနှင့် ပူးပေါင်း၍ အလုပ်အကြံအစည်များ ထွန်းထွန်းပေါက်ပေါက် ဆောင်ရွက်နိုင်မည်။ နိုင်ငံခြားနှင့် တိုက်ရိုက်ဆက်စပ်၍ လုပ်ကိုင်သော ကိစ္စများ အဆင်ပြေမည်။

ကံကောင်းစေသောအရောင် - နို့နှစ်ရောင်၊ ကြက်သွေးရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈၊ ၉

ယတြာ - ပဲလှော်နှင့် ထန်းလျက်ခဲ သံဃာတော်တို့အား လှူပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။