စျေးဝယ်သူတွေဟာ Poundstretcher လို့ခေါ်တဲ့ ဆိုင်ခွဲအသစ် ဖွင့်လှစ်ပြီး လျော့စျေးနဲ့ ရောင်းချမယ့် သတင်းကြောင့် သွားရောက်စောင့်ဆိုင်း ၀ယ်ယူခဲ့ကြပါတယ်။ သူတို့ဟာ ၁၅ ပေါင်တန်ဖိုးရှိတဲ့ ဖုန်စုပ်စက် အတွက် ခြောက်နာရီ ကျော် လောက် စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုလိုစောင့်ဆိုင်း ၀ယ်ယူပြီး နောက် သူတို့ဟာ ချက်ချင်းပဲ စိတ်ပျက်ခဲ့ရပါတယ်။ ဖုန်စုပ်စက်တွေ က ပျက်နေတာကြောင့်ပါ။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ စျေးဝယ်သူ Sharon Cumber နဲ့ သမီး ဖြစ်သူ အသက် ၂၂ ရှိပြီဖြစ်တဲ့ Michelle တို့က သူတို့ဝယ်ယူ ခဲ့တဲ့ ဖုန်စုပ်စက် တွေ အပျက်ကြီးဖြစ်နေတာကြောင့် အမျက်ဒေါသ ထွက်နေခဲ့ပါတယ်။ သူတို့ဟာ မနက် ၃ နာရီ ခွဲ လောက် ကတည်းက ဆိုင်အပြင်မှာ စောင့်ဆိုင်းဝယ်ယူနေခဲ့ ကြတာပါ။ တကယ့်ကို စိတ်ပျက်ဖွယ် လည်းဖြစ်ခဲ့ရပါတယ်။

စျေးဝယ်သူတွေကတော့ တကယ့်ကို အဲ့ဒီ့ Hoover တံဆိပ် ဖုန်စုပ်စက် တွေကို လိုချင်နေခဲ့တာပါ။ ဒါပေမယ့် အပျက်တွေ ဖြစ်နေတာကြောင့် စျေးဝယ်သူတွေ အတော်စိတ်ပျက်ခဲ့ရတာပါ။ စျေးဝယ်သူ Sharon ကတော့ အဲ့ဒီ့ဆိုင်က ဖုန်စုပ်စက်တွေကို ပြန်လဲပေးခဲ့ပေမယ့် ကောင်းမွန်တဲ့ ၀န်ဆောင်မှု မျိုးပေးနိုင်ခဲ့ခြင်းမရှိပါဘူးတဲ့။ ပြန်လဲပေးမှာကို လည်း အတော်လေးစောင့်ဆိုင်းခဲ့ရပါတယ်တဲ့။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။