ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss International 2017 ပြိုင်ပွဲမှာ မြန်မာအလှမယ် စဝ်ယွန်းဝတီဦးက ထူးထူးခြားခြား ခြင်းလုံးပုံသဏ္ဌာန် ဖန်တီးထားတဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ဒီဝတ်စုံရဲ့ ဒီဇိုင်းကိုတော့ ဒီဇိုင်နာ Ahlatt Lumyang က ဖန်တီးချုပ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံဟာ အကောင်းဆုံး ဆန်ခါတင် ၁၅ ဦးစာရင်းထဲမှာတော့မပါ၀င်ခဲ့ဘူးဖြစ်ပါတယ်။

ဒီအပေါ်မှာ အလှမယ် စဝ်ယွန်းဝတီဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် “အမှန်ဆို အဖက်ဖက်က ဒီလောက်ပြည့်စုံအောင် ပံ့ပိုးပေးထားရက်နဲ့ Top 15 တောင်မဝင်တာ စဝ် ညံ့လို့ မတော်လို့ လို့ပဲမြင်ပါတယ် … ရှုံးနိမ့်မှုအတွက် ဆင်ခြေမရှိပါဘူး…” ရေးသားခဲ့တာကို တွေ့ရပါတယ်။ကမ္ဘာမှာBig4စာရင်းဝင်ပွဲ၁ခုဖြစ်သောMissInternationalရဲ့2017သရဖူကိုအင်ဒိုနီးရှားအလှမယ်မှရရှိသွားပါတယ်။၂၀၁၂လောက်တုန်းကတောင် နိုင်ငံတကာ အလယ်မှာ ယက်ကန် ယက်ကန်ဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက အခုဆို Pageantryပိုင်းမှာ ကြောက်မခန်းလိလိ Powerhouseဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၆ခုနှစ်ကလည်းMissGrandInternational2016သရဖူရခဲ့ပါတယ်။ယခုနှစ်အတွက်Miss Internationalပြိုင်ပွဲမှာ Indonesiaမှ winner အဖြစ်ရရှိခဲ့ပါတယ်။Winner - 1st Runner-up ကို Curacaoမှလည်းကောင်း၊ 2nd Runner up ကို Venezualaမှလည်းကောင်း ၊3rdRunner-upကိုAustraliaမှလည်းကောင်း၊ 4thRunner-upကိုJapanမှလည်းကောင်း အသီးသီးရရှိသွားခဲ့ကြပါတယ်။

Source - Beauty Pageants of Amazing Myanmar /DVB News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။