တောင်ကိုရီးယား ရဲ့ ဖက်ရှင် မဂ္ဂဇင်း Marie Claire နဲ့ အင်တာဗျူးတစ်ခုမှာ Song Joong Ki က “ကျွန်တော် Song Hye Kyo နဲ့ လက်တွဲခွင့် ရတာ အလွန်ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘဝ မှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက် တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော့် ဘဝ ရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်လေး ကို ရောက်ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Song Joong Ki ဟာ တောင်ကိုရီးယား ရဲ့ ဖက်ရှင် မဂ္ဂဇင်း Marie Claire နဲ့ ဓာတ်ပုံများလည်း ရိုက်ကူးခဲ့ပါတယ်။ Song Joong Ki က သူ့ရဲ့ ရုပ်ရှင်ရိုက်ကူးရေး နဲ့ပတ်သက်တဲ့ အယူအဆတွေ၊ အနုပညာရှင် တစ်ယောက်အဖြစ် ထင်မြင်ချက်တွေ ကိုလည်း ပြောခဲ့ပါသေးတယ်။ Song Joong Ki က သူ့ရဲ့ ရုပ်ရှင်ရိုက်ကူးရေး နဲ့ပတ်သက်တဲ့ အယူအဆတွေ ကို ပြောကြားရာမှာ “ကျွန်တော်အမြဲတမ်း အရောင်တွေ အများကြီး မသုံးဖို့ ဂရုစိုက်ပါတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ အရောင် ဒါမှမဟုတ် ကြည့်ရအဆင်ပြေမယ့် အရောင်ကို ရွေးချယ်သုံးလေ့ရှိပါတယ်။ ကျွန်တော်ပြန်ကြည့်တဲ့ အချိန် မှာ ကျွန်တော့်ဆုံးဖြတ်ချက်မှန်ကန်တာပဲ လို့ ကျေနပ်ချင်လို့ပါ။” လို့ဆိုပါတယ်။

Song Joong Ki က တခြားယဉ်ကျေးမှု တွေနဲ့ ပတ်သက်ပြီး လည်းရုပ်ရှင်ရိုက်ချင် ပါတယ်လို့ဆိုပါတယ်။ အတွေ့အကြုံရချင်လို့ပါတဲ့။ ယခုဆို Song Joong Ki ဟာ အသက် ၃၀ ထဲမှာ ရှိနေပါပြီ။ သူ့အနေနဲ့ အသက် ၃၀ နောက်ပိုင်း ဘယ်လို ဇာတ်ရုပ်မျိုး ကို သရုပ်ဆောင်ရမလဲ ဆိုတာကို စဉ်းစားနေတယ်လို့ဆိုပါတယ်။ သူက “တချို့က ကျွန်တော့်ကို ထိပ်ဆုံးမှာ ရောက်နေတဲ့ မင်းသား အဖြစ်ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်တုန်းကမှ အဲ့လိုမတွေးခဲ့ပါဘူး။ ကျွန်တော် အကောင်းဆုံးတော့ ဖြစ်အောင်ကြိုးစားနေပါတယ်။” လို့ဆိုခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။