လိမ္မော်သီးမှာ အများဆုံးပါ၀င်တဲ့ ကာဗိုဟိုက်ဒရိတ်အများစုဟာ သကြား (Sugar) အနေနဲ့ ပါဝင်နေပြီး ကျန်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက အစာမျှင် (Fiber) တွေဖြစ်ပါတယ်။ လိမ္မော်သီးမှာ ပရိုတင်း နှင့်အဆီ ပါဝင်မှုကတော့ အလွန်နည်းပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်မျိုးစုံပါပေမယ့် ဗီတာမင်စီကလွဲရင် ကျန်တဲ့ဗီတာမင်တွေဟာ ပမာဏအားဖြင့် မများကြပါဘူး။

လိမ္မော်သီးနှင့် ဗီတာမင်စီ

လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ဗီတာမင်စီ ၅၃ မီလီဂရမ် လောက်ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက်ရဲ့ ၆၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ တစ်နည်းအားဖြင့် လိမ္မော်သီး ၁၄၀ ဂရမ် လောက်စားလျှင် လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက် အပြည့်အဝ ရနိုင်ပါတယ်။

လိမ္မော်သီးနှင့်ဆီးချိုသွေးချို

လိမ္မော်သီးဟာ အရသာချိုတယ်၊ သကြားပါ တယ်ဆိုပေမယ့် လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက် ဒရိတ် ၁၀ ဂရမ်လောက်သာ ပါပါတယ်။ လိမ္မော်သီးဟာ သွေးချို တက်နှုန်းလည်း နှေးပါတယ်။ ဂလူးကို့စ် သကြားရဲ့ သွေးချိုတက်နှုန်းရဲ့ ၄၀ ရာခိုင်နှုန်း လောက်သာ ရှိပါတယ်။ သကြားလိမ္မော်လို အသီးမျိုးကိုတော့ ဆီးချို သွေးချိုသမားများ ဆင်ခြင်သင့်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာလှကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။