မျှော်လင့်ချက်ခပ်ပါးပါးလေးရသွားတဲ့မြန်မာအသင်း


မနေ့ကဂိုအာခြေစစ်ပွဲမှာမြန်မာနဲ့အိန္ဒိယနှစ်ဂိုးစီသရေ

ကျခဲ့ပါတယ်။တော်တော်များများကတော့အိန္ဒိယကိုအနိုင်

မကစားခဲ့လို့မြန်မာအသင်းကိုအပြစ်တင်ကြပါတယ်။

ဒါပေမယ့်အိန္ဒိယလိုအသင်းမျိုးဆီကအမှတ်တစ်မှတ်

ရယူနိုင်ခဲ့တာဝမ်းသာစရာပါ။ဒီအုပ်စုထဲမှာအိန္ဒိယဆီက

နေအမှတ်ခွဲယူနိုင်တာမြန်မာပထမဆုံးပါ။ပြီးတော့ကံတရားရဲ့

ဖေးမမှုအချို့လည်းမြန်မာအသင်းပိုင်ဆိုင်ခဲ့ပါတယ်။

မြန်မာအသင်းဂိုးစည်းထဲမှာချက်ထရီပြစ်ဒဏ်ဘောကန်သွား

တဲ့အလုံးဆိုဂိုးပေမယ့်ဂိုးမရခဲ့ပါဘူး။တိုက်ရိုက်ကန်သွင်းရမယ့်

အစားတဆင့်ထပ်ပေးခဲ့လို့ပါ။ချက်ထရီအနေနဲ့ဒီအချက်ကို

မေ့လျော့သွားပုံပါပဲ။


မြန်မာအသင်းရဲ့Gamen Planကအလုပ်ဖြစ်ခဲ့ပြီး

အထနှေးတဲ့အိန္ဒိယကိုပွဲအစမှာပဲရန်နိုင်ဦးရဲ့25စက္ကန့်

သွင်းဂိုးနဲ့ဦးဆောင်ထားခဲ့ပါတယ်။ဂိုးရပြီးနောက်မှာကျော်ကိုကိုအပိုင်အခွင့်အရေး

ရခဲ့ပေမယ့်ဂိုးရရှိအောင်မပြောင်းလဲနိုင်ခဲ့ပါဘူး။

အိန္ဒိယအသင်းရဲ့အသက်ဟာကပ္ပတိန်စူနေးချက်ထရီပါ။

သူကို့ဒေဗစ်ထန်မထိန်းနိုင်ခဲ့ခြင်းဟာဒီပွဲသရေကျခဲ့ရတဲ့

အကြောင်းရင်းတစ်ရပ်လည်းဖြစ်ခဲ့ရပါတယ်။ရန်ကုန်မှာကန်

တုန်းကလည်းဒေးဗစ်ချက်ထရီကိုမထိန်းနိုင်ခဲ့ပါဘူး။

အဲ့ဒီမှာပြောစရာရှိတာကဂတ်ဇီဆီရဲ့ပွဲကိုပြင်ဆင်မှုပါပဲ။

သူအနေနဲ့ချက်ထရီကိုထိန်းချုပ်ဖို့ဘာမှပြင်ဆင်မထားခဲ့ဘူး

ဆိုတာသိသာစေပါတယ်။

မြန်မာအသင်းပေးလိုက်ရတဲ့ချေပဂိုးဟာလှိုင်းဘိုဘိုရဲ့

မလိုအပ်တဲ့ဖျက်ထုတ်မှုကြောင့်လို့ပြောလို့ရပါတယ်။

ဒီလိုပွဲတွေမှာအမှားတွေလုပ်တတ်တဲ့မြန်မာကစားသမား

တွေရဲ့ထုံးစံပေါ့။ဒါပေမယ့်ကျော်ကိုကိုပထမပိုင်းမှာပဲသူ့အမှားကိုပြန်ချေတဲ့အနေနဲ့အိန္ဒိယဂိုးသမားမဖမ်းမိနိုင်လောက်အောင်အဝေးကကန်သွင်းရယူခဲ့ပါတယ်။ပထမပိုင်းမှာတော့နှစ်ဂိုးတစ်ဂိုးနဲ့ဦးဆောင်ထားပြီးဒုတိယပိုင်းမှာတော့အိန္ဒိယကချေပဂိုးတစ်ဂိုးပြန်သွင်းကာ2-2ဖြစ်သွားပါတယ်။ဒီဂိုးဟာလည်းမြန်မာနောက်တန်းလူကျွံဖမ်းတာမသေသပ်မှုကြောင့်ပေးလိုက်ရတာပါ။ဒုတိယပိုင်းမှာတော့မြန်မာတို့သက်လုံကျလာပြီး

အိန္ဒိယကိုသရေကျအောင်မနည်းကန်ခဲ့ရပါတယ်။

အဝေးကွင်းမှာမရှုံးခဲ့တဲ့အတွက်တော့အာရှဖလားအိမိမက်ကတော့မြန်မာတို့ဆီမှာခပ်ပါးပါးရှိနေဆဲ...

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။