တောင်ကိုရီးယားနိုင်ငံ ဆေးရုံတစ်ရုံမှာ သူနာပြုမိန်းကလေးတွေကို လိင်စိတ်နှိုးဆွအကနဲ့ ရာထူးမြင့် အကြီးတန်းအရာရှိတွေကို အတင်းအကျပ် ဖျော်ဖြေစေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့လက ဆေးရုံမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူနာပြုတစ်ဦးက လူမှုကွန်ရက် မီဒီယာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့ချိန်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူနာပြုမိန်းကလေးတွေဟာ စကပ်အတိုတွေ၊ ကိုယ်ကြပ် အပေါ်ပိုင်းဝတ်စုံတွေကို ဝတ်ဆင်ထားခဲ့ကြကာ လိင်စိတ်နှိုးဆွအကတွေ ကခုန်နေတာကြတာလည်းဖြစ်ပါတယ်။ 

ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့သူ သူနာပြုက ခုလို ဖိအားပေး လုပ်ဆောင်စေတာမျိုးဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ပြောပါတယ်။“ခုလို ဖိအားပေး ကခိုင်းတာမျိုးဟာ ဆေးရုံကိုရောက်လာတဲ့ အမိန့်ကို မလွန်ဆန်နိုင်တဲ့ သူနာပြုအသစ်ကလေးတွေကို လုပ်ခိုင်းတာမျိုးပါ။ ကျွန်မတို့ကိုစားပွဲရှည်ကြီးတွေနဲ့စီတန်းထိုင်နေကြတဲ့ဆေးရုံအကြီးတန်းအရာရှိကြီးတွေရှေ့မှာဖိအားပေးကခိုင်းတယ်။”ကိုရီးယားသူနာပြုများအသင်းကတော့ ဟေလန်းတက္ကသိုလ် မြင့်မြတ်သောနှလုံးတော် ဆေးရုံတွင်းက လူမဆန်တဲ့ ဒီအဖြစ်အပျက်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်သောကြောင့်လည်းဖြစ်ပါတယ်။အဲဒီဆေးရုံမှ သူနာပြုတွေဟာ အချိန် ၂ နာရီနဲ့ ၃ နာရီကြား ဒီဖျော်ဖြေမှုအတွက်အချိန်ပေးခဲ့ကြရပြီးသူတို့ထဲကတစ်ယောက်ဆိုရင်ကိုယ်ဝန်ဆောင်ထားရပေမယ့်ဘာမှမပြောရဲခဲ့ဘဲပါဝင်ကပြခဲ့ရခြင်းလည်းဖြစ်ပါတယ်။ 

လေ့ကျင့်ချိန်တွေမှာလည်း သူနာပြုဌာနမှာရှိတဲ့မန်နေဂျာတွေက သူနာပြုတွေကို ဘယ်လိုကိုယ်ဟန်လုပ်ရမယ် မျက်နှာကိုဘယ်လိုထားရမယ် ဆိုတာကို သင်ကြားပေးပါတယ်လို့လည်းပြောထားပါတယ်။ ကိုရီးယားသူနာပြုများအသင်းရဲ့သတင်းထုတ်ပြန်ချက်မ ှာတော့ အလုပ်ချိန်များပြားပြီး လစာလည်း နည်းပါးတဲ့ သူနာပြုတွေအတွက် လူမဆန်တဲ့၊ ရှုတ်ချသင့်တဲ့ လုပ်ရပ်အဖြစ် ဆန့်ကျင်ကြဖို့ ဖော်ပြထားတာပါ။လက်ရှိမှာတော့ ဒီကိစ္စအပေါ် အလုပ်သမားနဲ့အလုပ်အကိုင်ဝန်ကြီးဌာနကစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။သက်ဆိုင်ရာ တာဝန်ရှိသူတဦးကတော့ တကယ်လို့ ဒီပြဿနာဟာ ထင်ရှားတယ်ဆိုရင် ဆေးရုံတာဝန်ရှိသူတွေကို ဆင့်ခေါ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Source – The Mirror / DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။