ဒီနေ့ဟာ မော်ဒယ်သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ ရတနာဗိုလ်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမဟာလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရပြီး ပရိတ်သတ်အား ပေးမှုခံရတဲ့ တက်သစ်မမင်းသမီးချောလေးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမက ပြီးခဲ့တဲ့ရက်ပိုင်း တွေကမန္တလေး ပြင်ဦးလွင်ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ မန္တလေးမြို့ ရဲ့အထွဋ်အမြတ်ထားရာ နေရာဖြစ်တဲ့ နန်းတော်ကို ဝင်ရောက်လည်ပတ်ရာမှာ သူမအနေနဲ့ အမှတ်မထင်ပဲ မသင့်လျှော်တဲ့ ဝတ်အစားမျိုး ဝတ်မိသွားတာကြောင့် သူမကပရိတ်သတ် တွေကို ပြန်လည်တောင်းပန်ခဲ့ပါသေးတယ်။

သူမကိုပရိတ်သတ်တွေက ချစ်စနိုးနဲ့ဗိုလ်ကြီးလို့ခေါ်တတ်ကြပြီး သူမကလည်း သူမကိုယ်သူမ ဗိုလ်ကြီးလို့ခေါ်ဆိုသုံးနှုန်းတာကိုတွေ့ရပါတယ်။ ပရိတ်သတ်နဲ့တထပ်တည်းကျတဲ့ မင်းသမီး ပေါ့နော်။ ချစ်စရာကောင်းတဲ့ သူမရဲ့အပြုံးလေးတွေနဲ့သရုပ်ဆောင်ပိုင်နိုင်မှုလေးတွေကြောင့် သူမရဲ့ချစ်ပရိတ်သတ်တွေက ရတနာဗိုလ်ရယ်လို့ အသည်းစွဲဖြစ်နေကြတာပေါ့။ သူမက ငယ် ပါသေးတယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။

ဒီနေ့လေးဟာ သူမအတွက်အဓိပ္ပါယ်ရှိတဲ့ နေ့ရက်လေးတစ်ခုဖြစ်တဲ့ သူမရဲ့မွေးနေ့ရက် မြတ်မင်္ဂလာ လေးပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့မှာ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေး တွေနဲ့အတူ ကျန်းမာ ချမ်းသာပြီး အနုပညာလမ်းကြောင်းမှာ ဒီထက်မကအောင်မြင်မှုတွေ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးလည်း မင်းသမီးလေး ရတနာဗိုလ်အတွက် မွေးနေ့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။