ဇင်ဘာဘွေမြို့တော် ဟာရာရီရှိ သမ္မတမူဂါဘီပိုင် အပန်းဖြေအိမ်တွင် နိုဝင်ဘာ ၁၅ ရက် အစောပိုင်း က သေနတ်သံများ ထွက်ပေါ်လာခဲ့ပြီး လမ်းမများ ပေါ်တွင်လည်း စစ်တပ်သံချပ်ကာ ယာဉ်များ တွေ့ရှိခဲ့ ရတဲ့ အတွက် စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှု ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်တပ်မှ အစိုးရ၏ အသံလွှင့်ဌာန တွေကို သိမ်းယူခဲ့ပြီး အာဏာသိမ်းမှု တွင် ဦးဆောင်ခဲ့သော ဗိုလ်မှူးချုပ် အက်ဘီမိုယို က စစ်တပ်မှ နိုင်ငံနှင့် ပတ်သတ်သော သဘောထားတခုကို ကြေညာခဲ့ပါတယ်။ သမ္မတကို ထိန်းသိမ်းထား ခြင်းမှာ အာဏာ သိမ်းယူခြင်း မဟုတ်ဘဲ သမ္မတ ဘေးနားရှိ ပြစ်မှု ကျူးလွန်နေသည့် ရာဇဝတ်ကောင်များကို သာ အဓိက ပစ်မှတ်ထား ခြင်း ဖြစ်တယ်လို့လည်း အသံလွှင့်ဌာန မှ တဆင့် ကြေငြာခဲ့ ပါတယ်။

သမ္မတမူဂါဘီနှင့် မိသားစု ဘေးကင်းလုံခြုံမှု၊ အသက်အန္တရာယ်စိတ်ချရမှုကို အာမခံကြောင်း နိုင်ငံကို အသိပေးပြောကြားခဲ့ပြီး မကြာခင် အချိန်ကာလအတွင်း ပုံမှန်အတိုင်း ဖြစ်လာမည်ဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်ကြီးကပင် ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source – Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။