ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များရှိ မဟာဘွဲ့သင်တန်းသားများအနေဖြင့် စာမေးပွဲကျရှုံး ပါက ကျရှုံးသည့်ဘာသာရပ်ကို ပြန်လည်ဖြေဆို ခွင့်ပြုမယ်လို့သိရပါတယ်။ ကျရှုံးသည့်ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆို ရမှာဖြစ်ပြီးကျန်အောင်မြင်သော ဘာသာရပ်များကို ပြန်လည်ဖြေဆိုရန်မလိုကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။ ယခင်က ဝိဇ္ဇာသိပ္ပံတက္က သိုလ်များရှိ မဟာဘွဲ့သင်တန်း သားများအနေဖြင့် စာမေးပွဲတွင် ဘာသာရပ်တစ်ခုကျရှုံးပါက ပြန် လည်ဖြေဆိုခွင့်မရှိဘဲ သင်တန်း ဆက်လက်တက်ရောက်ခွင့်ပါမရှိတော့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ၈ ရက်နေ့တွင် မဟာဘွဲ့သင်တန်း(ပထမ နှစ်နှင့် ဒုတိယနှစ်) တွင် ကျရှုံး သော ကျောင်းသား၊ ကျောင်းသူ များ အနေဖြင့် စာမေးပွဲတွင် အောင်မြင်ခဲ့သော Module များ ကို ဖြေဆိုရန်မလိုဘဲ ကျရှုံးသည့် Module ကိုသာ လာမည့်ပညာသင်နှစ်တွင် မှတ်ပုံတင်၍ သက်ဆိုင်ရာနှစ် ဝက်တွင်ဆက်လက်တက်ရောက် ပြီး စာမေးပွဲဖြေဆိုစေရမှာဖြစ်တယ်လို့အဆင့်မြင့်ပညာဦးစီးဌာနမှတက္ကသိုလ်ပါမောက္ခချုပ်များကဆိုပါတယ်။‘‘မဟာတန်းတွေကို ကျတဲ့ ဘာသာပြန်ဖြေခွင့်ပြုဖို့ ပါချုပ် တွေရဲ့ Board of Study ဆုံးဖြတ် ချက်အရ ဆရာတို့က ကျောင်း တွေအားလုံး တစ်ပြေးညီဖြစ် အောင် စာထုတ်ပေးတာပါ။ အ ဆင့်မြင့်ပညာဦးစီးဌာနက ချတဲ့မူ တော့ မဟုတ်ဘူး။ သင်ကြားရေး ပိုင်းကို ဆရာတို့ လွတ်လပ်ခွင့် ပေးထားတယ်။ ဒါကသက်ဆိုင် ရာ ပါမောက္ခချုပ်တွေရဲ့ သင် ကြားရေးပိုင်းဆိုင်ရာ ဆုံးဖြတ် ချက်ပါ’’ဟု ဒေါက်တာသိန်းဝင်း က ပြောပါတယ်။  

ယခု ၂၀၁၇-၁၈ ပညာသင်နှစ် မဟာ ဘွဲ့သင်တန်းအောင်စာရင်းများ ထုတ်ပြန်ရာတွင် မူဝါဒအသစ်အရ မဟာဘွဲ့ သင်တန်းသားများဟာ စာမေးပွဲကျရှုံး နေပါက ပထမပညာသင်ကာလ (First Semester)တွင်ကျရှုံးပါ က ပထမပညာသင်ကာလတွင် ပြန်လည်တက်ရောက်ဖြေဆိုရ မည်ဖြစ်ပြီး ဒုတိယပညာသင် ကာ လ(Second Semester) တွင် ကျရှုံး ပါက ဒုတိယပညာသင်ကာလတွင် ပြန်လည်တက်ရောက် ဖြေဆိုရ မှာပဲဖြစ်ပါတယ်။ ‘‘ဆရာတို့တုန်းကတော့ မဟာတန်းမှာကျရင် ပြန်လည်း ဖြေလို့မရဘူး။ ဆက်လည်းတက် လို့မရဘူး။ မဟာဘွဲ့မရတော့ဘူး ပေါ့။ တစ်နှစ်ပဲတက်တက် ၊ ၂ နှစ်ပဲတက်တက် တက်လာပြီးမှ တော့ တစ်ခုခုတော့ ပေးသင့်တာ ပေါ့။ အခုလည်း ဒါကိုသိပြီး သက် ညှာပေးတဲ့သဘောနဲ့ ဒီလိုပြောင်း လိုက်တယ်ထင်ပါတယ်။

အခုလို ဆိုရင်တော့ ကောင်းတယ်ဆိုရ မှာပေါ့။ ဌာနအလိုက်တော့ စာ မဝင်ဘူး။ အဲဒီလိုစာမျုးိကျ စာမေးပွဲနဲ့ ဘွဲ့နှင်းဌာနကိုပဲ ဝင်တာ’’ ဟု ဦးကျော်ကိုလတ်က ပြောပါတယ်။အဆင့်မြင့်ပညာဦးစီးဌာန အောက်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၈ ခု ရှိပြီး ယခု ၂၀၁၇-၁၈ ပညာသင် နှစ်အတွက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များရှိ အတန်းအသီးသီး၏ စာမေးပွဲအောင်စာ ရင်းများကို နိုဝင်ဘာ ဒုတိယပတ် က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာ ၁ ရက်တွင် ကျောင်းပြန်လည်ဖွင့်လှစ် မည်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။