(၁) လစဉ်သုံးပစ္စည်းကို တစ်နေကုန် အသုံးမပြုပါနဲ့

ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် တစ်နေကုန်လုံးကို လစဉ်သုံးပစ္စည်း မလဲဘဲ မနေပါနဲ့။ အသင့်တော်ဆုံး အချိန်ကတော့ ၃ နာရီ သို့မဟုတ် ၄နာရီခြား တစ်ခါ လဲပေးသင့်ပါတယ်။ ပိုးမွှားများစွာ ကူးစက်နိုင်တာမို့ မဖြစ်မနေ လိုက်နာဖို့ အရေးကြီးပါတယ်။

(၂) နာကျင်ကိုက်ခဲတတ်တာကို စိတ်မညစ်ပါနဲ့

ဒီလို နာကျင်ကိုက်ခဲမှုတွေကို ပပျောက်စေရန်အတွက် မိမိသဘောဆန္ဒအလျောက် ဆေးဝါးများသုံးစွဲခြင်း၊ နှိပ်နယ်ခြင်းမျိုး မပြုလုပ်ပါနဲ့။ လိုအပ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးများသာ သုံးစွဲသင့်ပါတယ်။

(၃) ကာမ ဆက်ဆံခြင်း မပြုပါနဲ့

ဓမ္မတာလာစဉ်မှာ မိန်းကလေးအများစုက ကာမဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေ မမျှော်လင့်ထားတဲ့ ကာမဆက်ဆံခြင်းမျိုး ရှိလာနိုင်တဲ့ အခြေအနေများကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။ 

(၄) အပြင်းအထန် အားကစား မလုပ်ပါနဲ့

ပုံမှန် အားကစား လုပ်နေပေမဲ့လည်း ဓမ္မတာလာနေစဉ်မှာတော့ အပြင်းအထန် အားကစား လုပ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ထမင်းမစားတာမျိုး မလုပ်ပါနဲ့

ဒီလို အချိန်မျိုးမှာ မနက်စာ၊ နေ့လည်စာ၊ ညစာ တို့ကို စားချင်စိတ် မရှိဘူးဆိုပြီး အစားရှောင်တာမျိုး မလုပ်ပါနဲ့။ ပိုပြီး အားနည်းနိုင်တာမို့ ပုံမှန် အတိုင်း စားပေးဖို့ လိုအပ်ပါတယ်။ ထမင်း မစားဘူး ဆိုရင်တောင် တခြားသော သရေစာ မုန့်များကို တစ်နေ့ သုံးကြိမ်ခန့် စားပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၆) ညမိုးချုပ်မှ ညစာ၊ မုန့် သရေစာ စားခြင်းမျိုး မပြုလုပ်ပါနဲ့

ည အရမ်း မိုးချုပ်တဲ့အခါမှ မုန့်ထစားခြင်း၊ ညစာ စားခြင်းမျိုးကို ဓမ္မတာ လာနေစဉ်အတွင်း မပြုလုပ်ပါနဲ့။ လစဉ် ရာသီသွေးကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ 

(၇) အိပ်ရေးပျက်ခြင်းမျိုးကို ရှောင်ရှားပါ။

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အားတွေက သွေးပုပ်တွေနဲ့ အတူ ဆင်းစေတာမို့ အားရှိဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်အောင် ကြိုးစားပါ။ ညဘက် အိပ်ရေးပျက်ခြင်းမျိုးကို ဒမ္မတာ လာနေစဉ်အတွင်းမှာ မဖြစ်မနေ ရှောင်ပါ။

(၈) နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ရှောင်ပါ။

ဓမ္မတာ လာနေစဉ်အတွင်း ထောပတ်၊ နွားနို့၊ ဒိန်ချဉ်၊ ပူတင်း အစရှိတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းက နာကျင်မှုကို ပိုပြီး ဆိုးရွားစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

(၉) ၀မ်းနည်းစရာကိစ္စတွေကို ရှောင်ပါ။

၀မ်းနည်းစရာကောင်းတဲ့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်တွေကို ကြည့်ခြင်း၊ ၀မ်းနည်းစရာ ကောင်းတဲ့ကိစ္စ၊ စိတ်မကောင်းဖြစ်စရာ အကြောင်းအရာများ စတာတွေကို ရှောင်ရှာပါ။ ဓမ္မတာဖြစ်နေစဉ် အချိန်မှာ စိတ် ထိခိုက်လွယ်တာကြောင့် ဒီလို ၀မ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာတွေကို ရှောင်တာ အကောင်းဆုံးနဲ့၊ အသင့်တော်ဆုံးပါပဲ။

ဖော်ပြပါ အချက်များကို သိရှိပြီးနောက် သူငယ်ချင်းတွေကိုလည်း ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် မျှဝေပေးလိုက်ပါဦးနော် ။ သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ …။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။