ကမ္ဘာ့ ပထမ ဆုံး လူလုပ် ရေပေါ်မြို့ကို ပစိဖိတ်သမုဒ္ဒရာ ထဲမှာ တည်ဆောက်ဖို့ အစီအစဉ်ဆွဲထားပါတယ်။ ၂၀၂၀ ခုနှစ် အရောက်မှာ စီးပွားရေးလုပ်ငန်းတွေ အတွက် အဆိုပါ ရေပေါ်မြို့ကို စတင်ဖွင့်လှစ်ဖို့ မျှော်မှန်းထားပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် Seasteading Institute ဟာ ဆယ်စုနှစ် တစ်ခုစာလောက် အဆိုပါ ရေပေါ်မြို့တော် ကို ဘယ်လိုတည်ဆောက် မယ်ဆိုတာကို သုတေသန ပြုလေ့လာခဲ့တာပါ။ အခုတော့ ၂၀၂၀ ခုနှစ်လောက်မှာ အကောင် အထည်ပေါ်လာတော့မှာပါ။

ဒီနှစ် အစောပိုင်းမှာပဲ ဆန်ဖရန်စစ္စကို အခြေစိုက် Seasteading Institute ဟာ ပြင်သစ်အစိုးရ အဖွဲ့ Polynesia နဲ့ သဘောတူညီချက်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီ့ ရေပေါ်မြို့ ပေါ်မှာ အခြေခံ အဆောက်အအုံတွေတည်ဆောက်ဖို့ပါ။ အဲ့ဒီ့ကျွန်းပေါ်မှာ လူနေအိမ်တွေ၊ ဟော်တယ်တွေ၊ ရုံးခန်းတွေ နဲ့ စားသောက်ဆိုင်တွေပါ၀င်မှာပါ။ အဲ့ဒီ့ ကမ္ဘာ့ ပထမ ဆုံး ရေပေါ်မြို့ကို တည်ဆောက်ရာမှာ အမေရိကန်ဒေါ်လာ ၆၀ မီလီယံလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

အဲ့ဒီ့ ကမ္ဘာ့ ပထမ ဆုံး ရေပေါ်မြို့ကို ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ တည်ဆောက်မှာပါ။ အဆိုပါ ရေပေါ်မြို့ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက် ကတော့ နေထိုင်သူတွေ အတွက် ကိုယ်ပိုင်သီးသန့် နေရာလေး ဖန်တီးပေးစေချင်လို့ပါ။ တည်ဆောက်ဖို့ အတွက် ဘတ်ဂျတ်တွေလည်းစုဆောင်းမိနေပါပြီ။ တကယ့်ကို ရုပ်ရှင်ထဲကလို၊ သိပ္ပံဇာတ်ကားတွေထဲကလို စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်ထားတာပါ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။