သင်ဟာအကြောင်းအမျိုးမျိုးကြောင့်အရက်သောက်ဖြစ်ခဲ့သည်ရှိသော်နောက်တစ်နေ့တွင်အရက်နာကျခြင်းဝေဒနာကိုခံစားကောင်းခံစားရနိုင်ပါတယ်။လက်ရှိအချိန်အထိအဲ့ဒီလိုHangover(အရက်နာကျခြင်း)ခံစားရပြီးဆိုရင်နည်းလမ်းအမှားတွေကိုယုံကြည်နေကြတုန်းပဲဖြစ်ပါတယ်။အရက်နာကျရင်နောက်ထပ်‘အရက်’အနည်းငယ်ထပ်သောက်ပြီးပြန်ဖြေခြင်းဟာသက်သာစေတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့လူအများယုံကြည်ထားကြတာပဲဖြစ်ပါတယ်။အရက်အလွန်အကျွံသောက်မိပြီးနောက်‘အရက်’အနည်းငယ်သောက်ပြီးပြန်ဖြေခြင်းဟာလက်ရှိခံစားနေရသောဝေဒနာများကိုသက်သာပျောက်ကင်းစေတယ်ဆိုတဲ့နည်းလမ်းတွေဟာသိပ္ပံနည်းကျအထောက်အထားမရှိကြောင်းပညာရှင်များကပြောပါတယ်။ 

ဒါပေမယ့်အဆိုပါနည်းအတိုင်းပြန်ဖြေခြင်းဟာအရက်နာကျမှုကိုခေတ္တခဏသက်သာစေပြီးခံစားနေရသည့်လက္ခဏာများကိုအရှိန်အနည်းငယ်ရွှေ့ဆိုင်းထားလိုက်တဲ့သဘောပဲဖြစ်ပါတယ်။အရက်အနည်းငယ်သောက်ပြီးအရက်နာကျခြင်းကို ပြန်ဖြေနိုင်သည်ဆိုတဲ့နည်းလမ်းကို မယုံကြည်ကြရန် အမေရိကန်ဆရာဝန်များ က တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ယင်းကဲ့သို့ အရက်နာကျပြီး နောက်ထပ် အရက်မသောက်မီ ခန္ဓာကိုယ်ကို ၄၈ နာရီအထိ အနည်းဆုံးအနားပေးရန် လိုအပ်ပါတယ်။ 

အရက်နာကျခြင်းကြောင့်ဖြစ်တက်တဲ့ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း၊ အားနည်းပြီး ခေါင်းမူးခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းစတဲ့ လက္ခဏာများဟာခန္ဓာကိုယ်ရဲ့သွေးထဲတွင် အရက်ပါဝင်မှု သုညအဆင့်သို့ ပြန်ရောက်သွားချိန်တွင် အဆိုးဆုံးအခြေနေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ အသည်းထဲတွင် အရက်ကို အဆိပ်ရှိဓာတုပစ္စည်းတစ်မျိုးအဖြစ်သို့ ချေဖျက်ပစ်လိုက်ပြီး သောက်သုံးထားတဲ့ အရက်ပမာဏကို လိုက်ပြီးယင်းသို့ ချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေတာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် ဖန်ခွက်တစ်ဝက်၊ သံပရာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ငရုတ်သီးဆော့စ် အနည်းငယ်ကိုရော၍ သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ အရက်ဓာတ်ကို လျင်မြန်စွာ ရှင်းလင်းစေနိုင်တယ်လို့သိရပါတယ်။ငှက်ပျောသီး၊ ပျားရည်နှင့် ပေါင်မုန့်အနည်းငယ်ကို စားပေးခြင်းဖြင့်လည်း အရက်နာကျခြင်းကိုသက်သာစေပါတယ်။ချင်းပြုတ်ရည်၊သံပရာရည်နှင့်ပျားရည်ရောပြီးသောက်ပေးခြင်းဖြင့်လည်းအရက်နာကျခြင်းရောဂါကိုသက်သာစေနိုင်တာပဲဖြစ်ပါတယ်။အိပ်ရာမဝင်မီရေတစ်ခွက်သောက်ခြင်းဖြင့်လည်းအရက်နာကျခြင်းကြောင့်ရေဓာတ်ခန်းခြောက်မှုကိုပြေပျောက်စေတယ်လို့သိရပါတယ်။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။