ယခု နိုဝင်ဘာလ ၈ ရက်နေ့ မှာ နီနီက သူ့မရဲ့ ပရိတ်သတ်တွေကို စူပါရက်ခ် မျက်နှာချေကူရှင်ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။ တခု ထူးခြားချက်အနေ နဲ့ ပရိတ်သက် လက်ထဲ မရောက်ခင် တရက် အလိုမှာ သူမကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ မျက်နှာချေ ကြေငြာလေးဟာ ပရိတ်သတ်တွေ ကြားမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။

မျက်နှာ ချေကြေငြာလေး ပရိတ်သက် အကြိုက်များ ခဲ့တဲ့ အပေါ် နီနီက ခုလိုပဲပြောခဲ့ပါတယ်။

“မျက်နှာချေ ကြေငြာကို ကြေငြာမယ် ဆိုတော့ Script ကို စဉ်းစားတဲ့ အခါမှာ နီနီ ကိုယ်တိုင် Script ရေးဖြစ်တယ် မိသားစုဝင်တွေက ဝင်ပြီးပြောပေးတယ် Producer ကလည်း နီနီရဲ့ အောက်ဆီဂျင် အဖွဲ့သားတွေပဲဆိုတော့ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတာပေါ့ လေ့ကျင့်ရတာပါ အရင် က ရေဒီယိုကလာတဲ့ ဓာတ်ပြား တွေကို နားထောင်ရတယ် သူတို့လေယူလေသိမ်းလေးတွေ လေးလေးပင်ပက်လေးတွေ ချစ်စရာကောင်းတယ်ပေါ့နော် အဲ့တာလေးတွေရော မျက်နှာပေးလေးတွေရော အိုက်တင်တွေရော အကုန်လုံးလေ့လာရတာပါ”

သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီးတော့ ခင် နဲ့ ကိုငြိမ်းမောင် ဇာတ်လမ်းကို ဆက်လက် သရုပ်ဆောင်ချင်သေးကြောင်း၊ ကျန်သော ဇာတ်လမ်းများမှာ သရုပ်ဆောင်အပိုင်းကို သိပ်မကျွမ်းကျင်သေးတဲ့ အတွက်ကြောင့် လာရောက်ကမ်းလှမ်း ခဲ့ပါက သိပ်ပြီး အဆင်ပြေမှာ မဟုတ်ကြောင်းကို ပြောပြခဲ့ပါတယ်။

လက်တလော အနုပညာ လှုပ်ရှားအနေနဲ့ကတော့ အပတ်စဉ် စနေနေ့တိုင်း သူမရဲ့live version တွေ လူမှု ကွန်ရက်ပေါ်သို့တင်ပေးနေပြီး၊ ယခု လကုန်မှာ ဟိုးအရင် က ရိုက်ကူးထားတဲ့ MTV တခုကို Surprise အနေနဲ့ တင်ပေးမယ်လို့ သိရပါတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။