မင်းသား Hyun Bin တစ်ယောက် အမေရိကန် နိုင်ငံ ဟောလီးဝုဒ်မှာ သွားရောက်သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတာကို ထုတ်ဖော်ပြောဆိုလာပါတယ်။ မင်းသား Hyun Bin ဟာ လက်ရှိမှာတော့ သူပါ၀င်သရုပ်ဆောင်ထားတဲ့ The Swindlers ဇာတ်ကားအတွက် ပရိုမိုးရှင်းတွေ ဆင်းနေပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ မင်းသား Hyun Bin က “အရင်ကတော့ ဟောလီးဝုဒ်မှာ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာ ခံခဲ့ရဖူးပါတယ်။ အဲ့ဒီ့ တုန်းက ကျွန်တော် အဆင်သင့်မဖြစ်သေးတာကြောင့် မသွားဖြစ်ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။

မင်းသား Hyun Bin က ဆက်လက်ပြီး “ယခုအချိ်န်မှာ နောက်ထပ် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာမျိုးရှိခဲ့ရင် ကျွန်တော် အလေးအနက်ထားစဉ်းစားသွားမှာပါ။ ဟောလီးဝုဒ်မှာ သွားရောက် သရုပ်ဆောင်ဖို့ စိတ်ဝင်စားပါတယ်” လို့ဖြေကြားခဲ့ပါတယ်။ သူပါ၀င်သရုပ်ဆောင်ထားတဲ့ The Swindlers ဇာတ်ကား ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာပါ။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Hyun Bin ဟာ ဆယ်စုနှစ် တစ်ခုလောက် ဆက်တက်ကျော်ကြား နေခဲ့တာပါ။

မင်းသား Hyun Bin ဟာ သူ့ရဲ့ စစ်မှုထမ်း တာဝန်တွေလည်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဟောလီးဝုဒ်မှာ သွားရောက် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတာပါ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ တုန်းက မင်းသား Hyun Bin နဲ့ Revolutionary Love မှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသမီး Kang So Ra တို့ ချစ်ကြိုက်နေကြပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မင်းသား Hyun Bin တစ်ယောက် ဟောလီးဝုဒ်မှာ သွားရောက် သရုပ်ဆောင်ဖြစ်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။