ယခုလက်ရှိ ရုပ်ရှင်ပြသရေးစနစ်ကို ဖျက်သိမ်းသွားမည်ဟု သိရှိရသည်။ အဆိုပါနေရာတွင် ရုပ်ရှင်ရုံ ပြသရေးစနစ်အသစ်နှင့် အစားထိုးသွားမည်ဖြစ်သည်။ ယခုလက်ရှိ ရုပ်ရှင်ရုံ ပြရေးစနစ်တွေကို နိုဝင်ဘာလ၂၄ရက်နေ့ကစပြီး ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ A,B,C ရုံတင်စနစ်ကနေ ရုံရှင်စိတ် ကြိုက်ဇာတ်ကားတွေကို ပြသခွင့်ရမှာ ဖြစ် ပါတယ်။ 

‘ရုံတန်းစီစရာ မလိုတော့ဘူး၊ ရုံရှင် စိတ်ကြိုက် ဖြစ်သွားပါပြီ၊ ရုံရှင်က ပရိသတ်ကြိုက်တဲ့ ဇာတ်ကားရယ်၊ ကွာလတီ ကောင်းတဲ့ ဇာတ်ကားရယ်ကို အဓိကထားပြီး ရုပ်ရှင်ရုံအုပ်စုကနေ ရွေးချယ်မှာပေါ့နော်၊ သူတို့ကြိုက်တဲ့ဇာတ်ကားသူတို့ ပြတာပေါ့”လို့ DV5 ရုပ်ရှင်နှင့် ဗီဒီယိုထုတ် လုပ်ဖြန့်ချိရေးကဦးတင်ထွန်းဝင်း (ကိုငယ်လေး)က ရှင်းပြပါတယ်။ ရုပ်ရှင်ရုံအုပ်စု လေးခုဖြစ်တဲ့ မင်္ဂလာအုပ်စု၊ JCGV အုပ် စု၊ Mega အုပ်စုနဲ့ Paradise အုပ်စုတွေက ရုပ်ရှင်ဇာတ်ကားတွေကိုု ခွဲခြားပြသသွားမယ်လို့ သိရတယ်။ ထို့ကြောင့် အရင်လို ရုပ်ရှင်ကားများ တန်းစီစရာမလိုတော့ကြောင်း သိရှိရသည်။

“အရင်တုန်းကလို မင်္ဂလာအုပ်စုပြတဲ့ ကားတိုင်းကို JCGV ကလဲ မပြတော့သလို Mega ကလဲ မပြတော့ဘူး၊ ဇာတ်ကားက တော်တော်ကြီးကို ကားကောင်းမှပဲ ပရိသတ်ကြိုက်မှပဲ ရုံပေါရောက်တော့မယ့် ပုံစံလေ၊ ကွာလတီကောင်းကောင်းကို အ ကုန်အကျခံရိုက်မှ ရုံပေါ်ရောက်တော့မှာ”လို့ ကိုငယ်လေးက ပြောပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း အရည်အသွေး ပြည့်မီတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးမှသာ အဆင်ပြေနိုင်မယ်လို့ သိတယ်။“ထုတ်လုပ်သူတွေအနေနဲ့တော့ ပထမ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ညှိကြတယ်၊ ဒါပေမဲ့ အခုတော့ ညှိလို့ မရတော့ဘဲ အနေအထား ဖြစ်တာပေါ့၊ ဒါကြောင့် ပရိသတ်ကြိုက်နိုင်မယ့်ကား၊ အရည်အချင်း ပြည့်မီတဲ့ ကားတွေရိုက်ကြပါ လို့ ပြောချင်ပါတယ်”လို့ ကိုငယ်လေးက ဆိုပါတယ်။

Source – Kumudra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။