အိမ်ထောင်ရှင်မတွေအနေနဲ့ နေ့စဉ်နေ့အမျှ ဘာချက်ရမလဲဆိုတာ မနက်တိုင်း ခေါင်းခြောက်နေရမှာပါ။ အသားငါးတွေချည်း ဖွယ်ဖွယ်ရာရာချက်ပြန်တော့လည်း အီလာတာမျိုးရှိသလို အသီးအရွက်လေးတွေပါ တစ်ခါတစ်လေ မျှတအောင်စားပေးမှ ထမင်းစားမြိန်တဲ့အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်မှာပါ။

ယနေ့မှာတော့ ခေါင်းစားနေရမယ့် အိမ်ရှင်မတွေ ၊ တစ်ယောက်ထဲနေသူတွေအနေနဲ့ စားကောင်းဖို့ ပဲတီချဉ်သုပ်လေးသုပ်စားကြဖို့ အကြံပေးချင်ပါတယ်။

ပဲတီချဉ်သုပ်ကို ဘယ်လိုသုပ်စားမရလဲဆိုတာမသိရင် အောက်ပါအချက်လေးတွေအတိုင်း လုပ်ကြည့်စေချင်ပါတယ်။

ပဲတီချဉ်မသုပ်ခင် အရင်ဆုံး ပဲတီချဉ်ရအောင် လုပ်ရမှာဖြစ်ပါတယ်။

ပဲပင်ပေါက်..............၂၅ကျပ်သား

ဆား......................ဇွန်းဝက်

နနွင်းမှုန့်.................အနည်းငယ်

ထမင်းရည်.......လက်ဖက်ရည်၁ပန်းကန်လုံး

ပဲပင်ပေါက်တွေကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။

ထမင်းရည်ကိုအအေးခံထားပါ။တစ်ချို့ကလဲထမင်းရည်သုံးလေ့မရှိပဲတိုက်ရိုက်ချဉ်စေပါတယ်။

ဇလုံသန့်သန့်တစ်ခုထဲမှာပဲပင်ပေါက်တွေကိုဖွထည့်ပြီးဆားနှင့်နနွင်းမှုန့်(ပါသည်ဆိုရုံ)လေးကိုနှံ့အောင်ဖြူ းထည့်ပါ။

အားလုံးသမသွားအောင်ခပ်ဖွဖွနယ်ပါ။

ထမင်းရည်အေးတွေလောင်းချပြီးသမအောင်မွှေပေးပါ။

ဖန်ပုလင်း(သို့)စဉ့်အိုးလေးထဲဖိသိပ်ထည့်ပါ။ပိုနေတဲ့အရည်တွေလောင်းထည့်ပါ။

လေလုံစေရန်ပုလင်းအဝကိုပလပ်စတစ်ပါးလေးအုပ်ပြီးအဖုံးကိုလုံအောင်ဖုံးပါ။

သာမန်အခန်းအပူချိန်မှာထားပေးရင်(၃)ရက်ဆိုချဉ်ပါပြီ။အမြန်လိုရင်တော့နေရောင်မှာပြပေးပါ။နေရောင်ထိတဲ့ပဲတီချဉ်ကတော့အကြာကြီးအထားမခံပါဘူး။

ပဲတီချဉ်ရပြီဆိုရင်တော့ကြက်သွန်နီ၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်ကာဆား၊ဟင်းခတ်မှုန့်၊ဆီစိမ်းလေးလောင်းပြီးသုပ်နိူင်ပါတယ်။

ကြက်သွန်မြိတ်ပါးပါးလေးလှီးပြီးအလှဆင်ပေးပါ။

ဟင်းချက်နညး်များ Page ကနေ ပရိသတ်တွေအတွက် ပြန်လည်လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်နော်။ 

Source : WinNaingThein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။