ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေကတော့ သက်ငယ်မုဒိန်းမှုတွေပပျောက်ဖို့ အတွက် အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်..။

သက်ငယ် မုဒိန်းမှုတွေ ဖြစ်ပွားခဲ့ရင် သူမကို ဆက်သွယ်ပေးဖို့လည်း ပြောထားတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက တံတွေးမြို့မှာ စက်ဆုတ်ဖွယ် သက်ငယ် မုဒိန်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ အသက်(၂၇)နှစ် တရားခံအမျိုးသားဟာ (၅)နှစ်အရွယ် သမီးငယ်လေးကို အကြိမ်အကြိမ် အဓမ္မ ပြုကျင့်ခဲ့တဲ့ သက်ငယ် မုဒိန်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။

အရွယ်မရောက်ခင်မှာပဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်လေးဟာ တရားခံရဲ့ လူမဆန်တဲ့ လုပ်ရပ်များကြောင့် သားအိမ်တစ်ခုလုံး ကြေပွသွားပြီး သားအိမ်ကို ထုတ်ပစ်လိုက်ရတယ်လို့ သိရပါတယ်..။

အဲ့ဒီအမှုကို ခိုင်နှင်းေ၀ ကိုင်တိုင် အမှုမှန် ပေါ်ပေါက်ရေးအတွက် ခိုင်နှင်းေ၀ ပရဟိတအသင်း၊ အခရာအမျိုးသမီးအသင်း နှင့် တံတွေးမြို့ရတနာ လူမှုကူညီရေး အသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်..။

အမှုမှန်ပေါ်ပေါက်ခဲ့ပြီး သက်ငယ်မုဒိန်းမှုအတွက် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးပြစ်ဒဏ် နှစ်(၂၀) နှင့် အပြင်းအထန် နာကျင်စေမှုအတွက် ပြစ်ဒဏ်(၇)နှစ် စုစုပေါင်း ပြစ်ဒဏ် (၂၇)နှစ် ကျခံစေရန် တောင်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်..။

ခိုင်နှင်းတွေတို့ ပရဟိတအသင်းမှ ကျူးလွန်ခံရတဲ့ သမီးငယ်လေးနဲ့ မိဘတွေကိုလဲ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးမှစ၍ အစစအရာရာ တာဝန်ယူ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်..။

အလားတူ ဖြစ်ရပ်မျိုးနှင့် သက်ငယ်မုဒိန်းမှုတွေ ဖြစ်ပွားခဲ့ရင် သူမကို ဆက်သွယ်ပေးပြီး အချိန်မရွေး ကူညီဖို့ အသင့်ပါပဲလို့ ပြောထားပါတယ်..။

ပရဟိတနဲ့ လှူဒါန်းမှုတွေကို အမြဲ ပြုလုပ်လေ့ရှိတဲ့ မင်းသမီးခိုင်နှင်းဝေဟာ ပရဟိတ အလုပ်ဆုံးမင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်..။

ပရဟိတ မင်းသမီး ဖြစ်တဲ့ သူမဟာ HIV ကူးစက်ခံနေရတဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးငယ်များ၊ သီလရှင် ဂီလာန အဖိုးအဖွားများနှင့် သီလရှင်ကျောင်းမှ ကလေးငယ်များကိုလည်း လိုက်ပါ ကူညီနေတာ တွေ့ရပါတယ်..။

ထို့ပြင် အမျိုးသမီးများ မရည်ရွယ်ဘဲ မတော်တဆ ကိုယ်ဝန်ရသွားခဲ့ရင်လည်း ကလေးတွေကို ဖျက်မချဖို့နဲ့ မစွန့်ပစ်တာမျိုးတွေ မလုပ်ဘဲ သူမကို ဆက်သွယ်ပေးပါ..သူမမွေးစားမယ်လို့ ကြေညာထားသူလည်း ဖြစ်ပါတယ်..

Source - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။