အစိုးရကနေပြီးတော့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခက်အခဲ တွေရှိလို့ နေရပ်ကို စွန့်ခွာ ထွက်ပြေးသွားတဲ့ သူတွေထဲမှာမှ လယ်မြေပိုင်ရှင်များအတွက် သတင်းကောင်းတခု ကိုကြေငြာခဲ့ပါတယ်။ ပိုင်ရှင်တွေက နေရပ်စွန့်ခွာသွားတဲ့ လယ်မြေတွေမှာ မိုးစပါး တွေဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးစပါးတွေကို အလဟသတ် မဖြစ်စေရန် အစိုးရမှ ရိတ်သိမ်းရောင်းချပြီး ရရှိငွေတွေကို နိုင်ငံတော် ဘတ်ဂျက်မှာ ထည့်သွင်းခြင်း မပြုဘဲ မူလပိုင်ရှင် များထံသို့ ပေးအပ် သွားမယ်လို့ သိရပါတယ်။

အစိုးရ အနေဖြင့် နိုဝင်ဘာ ၁၃ရက်နေ့ထိ လယ်ဧကပေါင်း ၁၇၁၄ ကျော် ရိတ်သိမ်းပေးခဲ့ပြီး စပါးတင်းပေါင်း ၆၅၆၂၈ တင်းထွက် ရှိခဲ့တယ် လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထိန်းသိမ်းရေးကော်မတီက ကြေငြာခဲ့ပါတယ်။

စပါးတွေ ရိတ်သိမ်း ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကို ဘဏ်မှာ အကောင့်တစ်ခု ဖွင့်လှစ်ပြီး နိုင်ငံတော်က ထိန်းသိမ်းထားရှိမှာဖြစ်ပြီး မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းတွေဆောင်ရွက်အချိန်မှာ သုံးမှာမဟုတ်ဘဲ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်တွေ ပြန်လည်ရောက်ရှိလာချိန်မှာ ပြန်လည်ပေးအပ်မယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။