မြန်မာဝတ်စုံလေးနဲ့အရမ်းကိုချစ်စရာကောင်းနေတဲ့မင်းသမီးချောလေးပိုင်ဖြိုးသုပဲဖြစ်ပါတယ်။မြန်မာရိုးရာပုသိမ်ထီးလေးကိုဆောင်းပြီးရင်ဖုံးအကျီၤလေးနဲ့မြန်မာဆန်ဆန်လှနေတဲ့ချစ်စရာကောင်မလေးကိုပရိသတ်တွေမြင်တွေ့ရတာပဲဖြဟ်ပါတယ်။သူမဝတ်ဆင်ထားတဲ့မြန်မာဝတ်စုံလေးနဲ့ထူးခြားပြီးဆွဲဆောင်မှုရှိတဲ့သူမရဲ့အပြုံးလေးတွေဟာအရမ်းကိုလိုက်ဖက်လို့နေပါတယ်။သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပရိသတ်တွေဟာလဲအရမ်းကိုချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားတွေနဲ့ချီးမွန်းနေကြတာပဲဖြစ်ပါတယ်။ 

အနုပညာပျိုးခင်းရဲ့ဒုတိယအသုတ်မှာရွေးချယ်ခံလိုက်ရပြီးအနုပညာလမ်းကြောင်းပေါ်စတင်လျောက်လှမ်းလာခဲ့တာအခုဆိုရင်ပရိသတ်တွေရဲ့အချစ်တွေအခိုင်အမာရရှိနေတဲ့မင်းသမီးချေားလေးပဲဖြစ်ပါတယ်။ဆရာဝန်မလေးလဲဖြစ်ပရိသတ်အချစ်တော်မင်းသမီးချောလေးလဲဖြစ်တဲ့ပိုင်ဖြိုးသုဟာကျရာဇာတ်ရုပ်မှာသရုပ်ဆောင်နိုင်တဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့သူမရဲ့လူမှုကွန်ယက်ကနေချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေမျှဝေခဲ့တာကြောင့်ပရိသတ်တွေအချစ်ပိုခဲ့ကြရတာပဲဖြစ်ပါတယ်။ 

သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ"ဓာတ်ဆရာဆီကResolutionကောင်းကောင်းလေးနဲ့ပုံလေးတွေရတော့လည်းတင်မယ်နော်"ဆိုတဲ့စာလေးနဲ့အတူချစ်စရာပုံရိပ်လေးတွေကိုရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။နောက်ခံသဘာဝရှုခင်းလေးတွေနဲ့သူမရဲ့ချစ်စရာကောင်းတဲ့အလှတွေကိုပိုမိုပေါ်လွင်စေခဲ့တဲ့ပုံရိပ်လေးတွေမြင်တွေ့ရတာပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့မြန်မာဆန်ဆန်ချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ပိုင်ဖြိုးသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။