ယီမင် နိုင်ငံ Sana'a လေဆိပ် ပြောရေးဆိုခွင့်ရှိသူ က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် Sana'a လေဆိပ် အား ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့သဖြင့် လေကြောင်းလမ်းညွှန်မှု စနစ် ပျက်စီးသွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်းမရရှိသေးကြောင်းပြောကြားခဲ့ပါတယ်၊သတင်းစာရှင်းလင်းပွဲတွင်ပြောရေးဆိုခွင့်ရှိသူကလက်ရှိချိန်တွင်လေကြောင်းလမ်းညွှန်မှု စနစ်သည် လုံးဝ ပျက်စီးသွားခဲ့ပြီးနည်းပညာရှင်များအနေဖြင့်အသစ်ပြောင်းလဲတပ်ဆင်ရန်ကြိုးပမ်းနေကြောင်း၊လက်ရှိချိန်တွင်လေဆိပ်အနေဖြင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှကူညီထောက်ပံ့ရေးပစ္စည်းများကိုလက်ခံရန်ဝန်ဆောင်မှုမပေးနိုင်တော့ကြောင်းအသိပေးပြောကြားခဲ့ပါသေးတယ်။

ညွန်ပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့မှုကြောင့် ယီမင် Houthis လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် Sana'a လေဆိပ် လွန်ခဲ့သည့် တစ်နှစ်ကျော် အချိန်မှ စတင်၍ အရပ်ဘက် လေယာဉ်များ ဆင်းတက်မှု ကို တားမြစ် ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များမှ ကူညီထောက်ပံ့ရေး ပစ္စည်း ပို့ဆောင်သည့် လေယာဉ်များကိုသာ ဆင်းတက်ရန် ဝန်ဆောင်မှုပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။ယခုလ ၄ ရက်နေ့တွင် ယီမင် Houthis လက်နက်ကိုင်တပ်ဖွဲ့ သည် ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် ရှိ ရီးယာ့ဒ် လေဆိပ်အား ဒုံးကျည်များဖြင့် တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့ပြီးနောက်တွင် ညွန်ပေါင်းတပ်ဖွဲ့သည် ယီမင် နိုင်ငံ မြို့တော်အား ဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက်ခဲ့သဖြင့်သမ္မတAbdrabbuhMansurHadiမှာဆော်ဒီအာရေဗျနိုင်ငံသို့တိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။