မင်းသမီး ခရစ်စတင်းစတီးဝပ် က Twilight ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ရတာကို ကျေနပ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ခရစ်စတင်းစတီးဝပ် က Twilight ဇာတ်ကားဟာ သူမကို အောင်မြင်ကျော်ကြားအောင်ပြုလုပ်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် လို့ဆိုခဲ့ပါတယ်။ အဲ့ဒီ့ သဘာဝလွန် အချစ်ဇာတ်လမ်းလေးမှာ Bella Swan အဖြစ် မင်းသား ရောဘတ်ပတ်တစ်ဆန် နဲ့ အတူ သရုပ်ဆောင်ခဲ့တာပါ။

မင်းသမီး ခရစ်စတင်းစတီးဝပ် က သူမ အနေနဲ့ Twilight ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ခွင့်ရတာ အလွန်ကံကောင်းပါတယ်။ ဇာတ်လမ််း ရဲ့ အစိတ်အပိုင်းတိုင်း က သူမကို ပရိသတ်တွေ စိတ်ထဲ ဆွဲထင်စေခဲ့ပါတယ်။ ဒီ ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ရတာ ကို အလွန်ကျေနပ်မိပါတယ် လို့ သူမကပြောကြားသွားခဲ့ပါတယ်။ အခုလိုမျိုး ဒီဇာတ်ကားကနေ အတွေ့အကြုံကောင်းတွေ ရရှိခဲ့တဲ့ အတွက်လည်း ကျေနပ်မိတယ်လို့ ဆိုပါတယ်။

မင်းသမီး ခရစ်စတင်းစတီးဝပ် နဲ့ အတူ သရုပ်ဆောင်ခဲ့ပြီး မင်းသမီး ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ မင်းသား ရောဘတ်ပတ်တစ်ဆန် ကတော့ သူ့အနေနဲ့ အရင်လို စိတ်ဖိစီးခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။ မင်းသားက “ယခင် Twilight ကား ရိုက်နေစဉ် ကာလ က အရမ်းကို စောင့်ကြည့်ခံခဲ့ရပြီး စိတ်ဖိစီးခဲ့ရပါတယ်။ ယခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ စီးပွားရေးသမားတွေရဲ့ ဖုန်းခေါ်ဆိုမှုများ လည်း လျော့ကျသွားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Source: DailyMail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။