ပြည်သူချစ်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုးပြည့်သဇင်တစ်ယောက်ကတော့ လတ်တ လောမှာ မိသားစုနဲ့အတူပုဂံကိုဘုရားဖူးခရီးသွားနေတာပဲဖြစ်ပါတယ်။ သူမဟာတတိယနှစ် မြန်မာစာကျောင်းသူတစ်ဦးဖြစ်ပြီး ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေတာပဲဖြစ်ပါတယ်။ သူမဟာသရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်သူတစ်ဦးဖြစ်လို့ အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင် ဆိုင်ထားရှိသူလည်းဖြစ်ပါတယ်။ သီချင်းခွေလဲ ထွက်ရှိထားပြီး လက်ရှိမှာ အောင်မြင်တဲ့ မင်းသမီးစာရင်းဝင်တစ်ယောက်ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့အပြုံးလေးတွေနဲ့ ပြည့်ပြည့်ဖောင်းဖောင်းပါးလေးတွေက အသည်း ယားစရာပါပဲ။ သူမက ပုဂံသွားတဲ့လမ်းမှာ လှိုင်ဗူးသီးကြော်ဆိုတဲ့ ဘူးသီးကြော်ဆိုင်လေး မှာဝင်ပြီး အားပေးနေတဲ့ပုံရိပ်လေးတွေကို Facebook ပေါ်တင်လိုက်တာပဲဖြစ်ပါတယ်။ အင်္ကျ ီအနက်စင်းကြား တီရှပ်လေးနဲ့အနက်ရောင် ဘောင်းဘီရှည်ကိုဝတ်ဆင်ကာ ရိုးရိုး လေးနဲ့ စတိုင်ကျလှပနေပါတယ်။ သူမရဲ့ထွက်ရှိပြီးသီချင်းခွေထဲက တေးသီချင်းတစ်ပုဒ် ဟာလည်း ရင်ဘတ်ထဲကဓားရဲ့ ရုပ်ရှင်ဇာတ်ဝင်တေး တစ်ပုဒ်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ပုဂံသွားတဲ့လမ်းက ဗူးသီးကြော်ဆိုင်လေးမှာ ဝင်ရောက်သုံးဆောင်ရင်း ပျော်နေရှာတဲ့ သူမ ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်နော်။ မြန်မာ့ လက်ဖက် ဗူးသီးကြော် ရေနွေးကြမ်းနဲ့ စားချင်စဖွယ်လေးပါပဲ။ ပုံတွေအများကြီးတင်မိလို့ ဆောရီးပါဆိုပြီး ပြောထားပါသေးတယ်။ သူမရဲ့ပရိတ်သတ်တွေကတော့ သူမပုံတွေတင်လေ သဘောကျလေပါပဲ။ ချစ်စရာကောင်းတဲ့ စိုးပြည့်သဇင်ကို ပရိတ်သတ်ကြီးအားပေးပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။