သရုပ်ဆောင်ခိုင်သင်းကြည်ဟာပရိသတ်တွေမြင်တွေ့နေကြမဟုတ်တဲ့ပုံစံအသစ်လေးနဲ့ထူးထူးခြားခြားမြင်တွေ့ရတာပဲဖြစ်ပါတယ်။ခိုင်သင်းကြည်ဟာအဖြူနဲ့အစိမ်းဝတ်စုံလေးဝတ်ဆင်ထားပြီးအရမ်းကိုကျက်သရေရှိလှတဲ့မြင်ကွင်းလေးကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။အဖြူနဲ့အစိမ်းဝတ်စုံလေးနဲ့ဆွဲခြင်းတောင်းလေးကိုကိုင်ကာရိုက်ကူထားတဲ့ကျောင်းဆရာမတစ်ယောက်ပုံရိပ်လေးတွေဟာသူမနဲ့အရမ်းကိုလိုက်ဖက်လှတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲကျက်သရေရှိလှတဲ့ကျောင်းဆရာမတစ်ယောက်အဖြစ်ဖန်တီးပုံဖော်ထားတဲ့ပုံရိပ်လေးတွေမျှဝေခဲ့ကြောင့်ပရိသတ်တွေအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

ခိုင်သင်းကြည်ဟာဘယ်လိုရုပ်ဇာတ်ကိုပဲဖြစ်ဖြစ်လိုက်ဖတ်အောင်ကြိုးစားဖန်တီးနိုင်တဲ့ထူးချွန်သရုပ်တောင်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလဲကျောင်းဆရာမလေးတစ်ယောက်ရဲ့ဇာတ်ရုပ်ကိုအပီပြင်ဆုံးပုံဖော်ဖန်တီးနေတာပဲဖြစ်ပါတယ်။ခိုင်သင်းကြည်ဟာကျောင်းသားကလေးငယ်လေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးပြီးပျော်ရွှင်နေတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲ"ကလေးတွေနဲ့ဆရာမ"ဆိုတဲ့စာလေးနဲ့အတူ ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးပုံဖော်နေတဲ့ဆရာမလေးတစ်ယောက်အဖြစ်နဲ့ ပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။ 

သူမရဲ့ချစ်ပရိသတ်တွေဟာလဲခိုင်သင်ကြည်းဟာဟန်ဆောင်မှုတွေကင်းဝေးပြီးဖြူစင်တဲ့အပြုံးလေးတွေနဲ့ကျက်သရရှိလှတဲ့ပုံလေးတွေပဲဖြစ်ပါတယ်လို့ချီးကျူးစကားလေးတွေဆိုနေကြတာပဲဖြစ်ပါတယ်။ဆယ်စုနှစ်မကအနုပညာလမ်းကြောင်းပေါ်မှာလျောက်လှမ်းလာခဲ့တာဖြစ်ပြီးယခုအချိန်ထိပရိသတ်တွေရဲ့အချစ်တွေလျော့မသွားအောင်ထိန်းသိမ်းထားနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။လက်တစ်လောမှာတော့ခရီးတွေလဲဆက်တိုက်သွားဖြစ်နေပြီးအနုပညာလှုပ်ရှားမှုတွေအားသွန်ခွန်စိုက်ပရိသတ်တွေအတွက်ကြိုးစားလုပ်ကိုင်နေတဲ့မင်းသမီးချောပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလဲသူမဖန်တီးပုံဖော်နေတဲ့ကျက်သရေရှိလှတဲ့ကျောင်းဆရာမပုံရိပ်လေးတွေကိုလဲချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ခိုင်သင်းကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။