သားသမီးရတာချင်းတူပေမယ့် အမွှာကိုယ်ဝန်ကိုတော့ တော်တော်နဲ့ရဖို့မလွယ်ပါဘူး။

အိမ်ထောင်သည်အများစုက အမွှာကလေးတွေ လိုချင်ကြပေမယ့်တကယ်တမ်း ရတဲ့သူက နည်းပါတယ်။

ပရိသတ်ချစ်တဲ့အနုပညာရှင်တွေထဲမှာရော အမွှာမွေးထားတဲ့ သူတွေကို ရှာကြည့်မယ်ဆိုရင် တော်တော်ကိုရှားပါတယ်။

အဆိုတော်ချစ်သုဝေနဲ့လင်းလင်းတို့ဇနီးမောင်နှံ နဲ့ အဆိုတော်ဝေလျှံ တို့ဇနီးမောင်နှံဟာ အမွှာကလေးလေးတွေမွေးဖွားထားတာဖြစ်ပါတယ်။

ချစ်သုဝေတို့ဇနီးမောင်နှံဟာ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်ဟာ ကို မွေးဖွားထားတာ (၉)လကျော်ပြီဖြစ်ပါတယ်။

အဆိုတော် ဝေလျံ ရဲ့ ဇနီးချောလေးသန့်စင်မွန်ကတော့ အမွှာယောကျာ်းလေးနှစ်ယောက်ကို အောက်တိုဘာလအတွင်းမွေးဖွားခဲ့တာဖြစ်ပါတယ်။

(၉)လကျော်ပြီဖြစ်တဲ့ ခေတ်နဲ့သစ် ညီအစ်မကတော့ ကြီးလာလေ ပိုပြီးချစ်ဖို့ကောင်းလေမို့ ပရိသတ်တွေကြားဆယ်လီဖြစ်နေပါတယ်။

ဝေလျံရဲ့ သားသားလေးနှစ်ယောက်ကလည်း ပရိသတ်တွေဝန်းရံခံရတော့မှာ မြင်ယောင်ပါသေးတယ်နော်ပရိသတ်ကြီးရေ။.  

Source :Chitthuwai and Wai Hlian Phyo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။