မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ဟာ ဖခင်ဖြစ်သူအတွက် သူ့ရဲ့ အနုပညာကြေးနဲ့ ကားတစ်စီးကို ထပ်ပြီး ဝယ်ပေးလိုက်တယ်လို့ ဆိုပါတယ်..။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားချောလေး ပိုင်တံခွန်ဟာ အနုပညာအလုပ်တွေလုပ်ပြီး ဘဝကိုရုန်းကန်ကာ သူရရှိခဲ့တဲ့ အနုပညာကြေးထဲကမှ ဖခင်ဖြစ်သူအတွက် အခုလို ဝယ်ပေးလိုက်တာ ဖြစ်ပါတယ်..။

ဖခင်ဖြစ်သူ ပျော်နေတာကို မြင်ရတဲ့အတွက် သူ့အနေနဲ့လည်း အရမ်းကို ဝမ်းသာပီတိ ဖြစ်တယ်လို့လည်း ဆိုပါတယ်..။

အဲ့ဒီအကြောင်းကို ပိုင်တံခွန်ဟာ နိုဝင်ဘာ(၁၄)ရက်နေ့က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ တစ်ပုံလေးတွေ တင်ပြီး အခုလိုရေးသားထားတာ တွေ့ရပါတယ်..။

“အဖေ့အလုပ်အတွက် နောက်ထပ်ကားလေးတစီး ဒီနေ့ထပ်ဝယ်ပေးဖြစ်တယ်ဗျာ အဖေပျော်တာမြင်တော့ ကျနော်ဝမ်းသာတယ်..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်များက မိဘကို သိတတ်ပြီး လိမ္မာတဲ့ သားလိမ္မာတစ်ယောက်အဖြစ် ချီးကျူးစကားများ ပြောထားတာတွေကိုလည်း တွေ့ရပါတယ်..။

ပိုင်တံခွန်ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် မင်းသားတစ်လက်လည်း စြဖ်ပါတယ်..။

ကိုယ်ပိုင်ဟန်ပန်အမှုအရာ အလန်းစား Body စမတ်ကျတဲ့ အရပ်နဲ့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပါပဲ..။

မင်းသားပိုင်တံခွန်ဟာ အနုပညာလောကမှာ အောင်မြင်တဲ့ မော်လ်ဒယ် မင်းသားတစ်လက်ဖြစ်ပြီး ပရဟိတနှင့် လှူဒါန်းမှုများကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် မွေးနေ့ Mini Album အခွေကို ဖြန့်ချီခဲ့ပြီး ရရှိခဲ့တဲ့ အမြတ်ငွေတွေကိုလည်း မိဘမဲ့ကလေးငယ်များအတွက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ အခမ်းအနားပွဲများ တတ်ရောက်နေပြီး ကြော်ငြာများလည်း ရိုက်ကူးနေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ပိုင်တံခွန် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။