ဂန်ဝန်ပြည်နယ်စုမှာရှိတဲ့အသက်၁၉နှစ်အရွယ်အထက်တန်းကျောင်းသားသုံးဦးဟာလူသားအကျိုးဆောင်ရွက်သူဆုကိုရရှိခဲ့ကြပါတယ်။ အဆိုပါဆုကိုရရှိခဲ့ရခြင်းမှာလည်းအေးစက်နေတဲ့ရေကန်အတွင်းကျဆင်းနေတဲ့ကားထဲမှထွက်လာတဲ့အမျိုးသမီးအားကူညီကယ်တင်မှုကြောင့်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ကင်ဂျီဆိုး၊ဆောင်ဂျွန်ယောင်းနှင့်ချွိုင်တေးဂျွန်တိုကသုံးဦးဟာဆိုရင်ရေမြုပ်နေတဲ့ကားထဲမှာပိတ်မိနေတဲ့ကြောက်လန့်တကြားဖြစ်နေတဲ့အမျိုးသမီးအား လွတ်မြောက်အောင်ကူညီကယ်တင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အေးစက်နေတဲ့ကန်ရေပြင်ထဲမှာရေမြုပ်နေတဲ့ကားထဲမှအမျိုးသမီးကိုကယ်တင်ဖို့အတွက်လူအများကြီးဟာကြောက်ရွံ့တွန့်ဆုတ်နေကြချိိန်မှာ အဆိုပါကျောင်းသားသုံးဦးဟာရေထကြိုခုန်ဆင်းပြီးအမျိုးသမီးကိုဝိုင်းဝန်းကယ်တင်ကြတာဘဲဖြစ်ပါတယ်။အထူးကျေးဇူးတင်ဖိုကကောင်းသည်မှာကတော့ယခုနှစ်ဟာသူတို့သုံးဦးအတွက်ပရိုဖက်ရှင်နယ်ရေကူးသူတွေအဖြစ်လေ့ကျင့်ရေးဆင်းနေတဲ့နှစ်လည်းဖြစ်ပါတယ်။ဒါ့ကြောင့်လည်းသူတို့ဟာအဆိုပါအမျိုးသမီးကိုလုံခြုံစိတ်ချစွာဖြင့်ကယ်ဆယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကျောင်းသားသုံးဦးနှင့်အမျိုးသမီးတို့ကမ်းစပကိုရောက်လာတဲ့အခါမှာတော့ကားဟာလုံးဝကိုနစ်မြုပ်သွားပြီဖြစ်ပါတယ်။ကျွန်တော်တို့ကိုစိတ်ပျက်အားလျော့စေတာကတော့ရေထဲခုန်ဆင်းပီးကာမှအမျိုးသမီးကိုအန္တရာယ်ထဲကနေလွတ်အောင်ကယ်တင်နိုင်ပါ့မလားလို့စိုးရိမ်ခဲ့ရပေမယ့်ကျွန်တော်တို့သင်ကြားခဲ့ရတဲ့ရေကူးခြင်းနှင့်အသက်ကယ်ဆယ်ခြင်းတွေကိုအမှန်တကယ်ကိုတတ်မြောက်ခဲ့တာကိုသက်သေပြနိုင်ခဲ့ပါတယ်။နိုင်ငံတွင်းမှအင်တာနက်အသုံးပြုသူတွေကလည်း သတ္တိရှိသူ သူရဲကောင်းများလို့ချီးမွှမ်းထောပနာပြုကြပါတယ်။

Source - Koreaboo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။