တော်တော်များများက ဒီအချက်လေးတွေကို သတိမထားမိဘဲ လုပ်မိနေတတ်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ ဒီအချက်လေးတွေက ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ထမင်းစားပြီးချိန် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရပါတယ်။

(၁) ဆေးလိပ်မသောက်ပါနဲ့ ။

ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်တာမို့ ဒီအချက်ကို ဆင်ခြင်သင့်ပါတယ်။ 

(၂) သစ်သီးများကိုချက်ချင်း မစားပါနဲ့။

ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းက အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်း မစားမီ တစ်နာရီအလိုတွင် သာစားသုံးသင့်ပါတယ်။

(၃)လက်ဖက်ရည်မသောက်ပါနဲ့။

လက်ဖက်ရွက်တွင် အက်ဆစ်ပါ၀င်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်အခဲဖြစ်စေပါတယ်။

(၄) ခါးပတ်ကို မဖြည်လိုက်ပါနဲ့။

ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)က ၀မ်းအတွင်းရှိ အူကိုခေါက်စေပါတယ်။ 

(၅) ရေမချိုးပါနဲ့။

ထမင်းစားပြီးရေချိုးခြင်းက လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင် သွေးပမာဏလျော့ကျသွားတဲ့ အတွက် အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေပါတယ်။

(၆) လမ်းမလျှောက်ပါနဲ့။

အများစု ပြောနေကြတဲ့အတိုင်း ထမင်းစားပြီးလမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုတာ မှားယွင်းပါတယ်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်က စားသုံးလိုက်သော အစာအဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါတယ်။ ဒ့ါကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနဲ့။

(၇) ချက်ချင်းမအိပ်ပါနဲ့။

ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် စားသုံးလိုက်သော အစာများက ကောင်းစွာ အစာမကျေနိုင်တော့ပါ။ ဒါ့ကြောင့် ဒီအချက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ချစ်ခင်သူ မိတ်ဆွေအပေါင်းကိုလည်း ကျန်းမာရေး ဗဟုသုတ ရရှိစေဖို့ ဒီအချက်လေးတွေကို မျှဝေပေးလိုက်ပါဦးနော် ။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။