The Lord of the Rings ဂန္တဝင်ဝတ္ထုရှည်ကြီးကို နာမည်ကျော် စာရေးဆရာ JRR Tolkien မှရေးသားခဲ့ပြီး ရုပ်ရှင် အပိုင်းသုံးပိုင်း အဖြစ် ပရိတ်သက်ကြီး ကြည့်ရှု့ ခဲ့ရပြီး ဖြစ်ပါတယ်။ အခုလာမယ့် ဇာတ်လမ်းတွဲမှာ တော့ ရုပ်ရှင် အပိုင်းသုံးပိုင်း အရှေ့ မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတွေကို ရိုက်သွားမယ်လို့ Amazon က ဆိုပါတယ်။

ဇာတ်လမ်းတွဲကို ရိုက်ကူးမယ့် Amazon ရဲ့ဇာတ်ညွန်းပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ ရှာရွန်တယ်လ်ယန်ဒိုက ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

“ The Lord of the Rings ဇာတ်လမ်းဟာ စာပေနယ်နဲ့ ရုပ်ရှင်နယ်ပယ်က ပရိသတ်မျိုးဆက်များအားလုံးရဲ့ စိတ်အာရုံကို ဖမ်းစား နိုင်စွမ်းရှိပါတယ်”

The Lord of the Rings ဇာတ်ကားများကို ဒါရိုက်တာပီတာဂျက်ဆန်ရိုက်ကူးခဲ့ကာ စုစုပေါင်းအော်စကာဆု ၁၇ ခန့်ရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပြီး ဒေါ်လာ အမြတ်အစွန်း သန်းထောင်ပေါင်းများစွာ ရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့် သူများကို ရွေးချယ်နေလျှက်ရှိပြီး သိပ်မကြာခင်မှာတော့ ပရိတ်သက်များကို အသိပေး ကြေငြာသွားမယ်လို့ သိရပါတယ်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။