ပရိသတ်အချစ်တော်အနုပညာရှင်များကိုနန်းဝတ်နန်းစားတွေနဲ့ထူးထူးခြားခြားမြင်တွေ့ရတာပဲဖြစ်ပါတယ်။ထူးထူးခြားခြားနန်းဝတ်နန်းစားတွေနဲ့လှနေတဲ့သူတို့ကတော့ပရိသတ်အချစ်တော်မင်းသားချောဟိန်းဝေယံ,မင်းသမီးစိုးပြည့်သဇင်တိုနဲ့အတူချစ်စရာဇနီးမောင်နှံအောင်ခိုင်နဲ့ဝါဝါအောင်တို့ပဲဖြစ်ပါတယ်။ပခုက္ကူမြို့ရဲ့သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးနှစ်(၉၀၀)ပြည့်ဒေသစာရီကြွချီပူဇော်ပွဲလေးမှာပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ယခုလိုပရိသတ်အချစ်တော်အနုပညာရှင်များကပါဝင်ကူညီကုသိုလ်ယူပေးခဲ့ကြတာကြောင့်ပခုက္ကူမြို့ကပရိသတ်တွေကတော့ဝမ်းသာကြည်နူးမဆုံးဖြစ်ခဲ့ကြရတာပဲဖြစ်ပါတယ်။ 

သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးနှစ်(၉၀၀)ပြည့်ဒေသစာရီကြွချီပူဇော်ပွဲလေးကိုပခုက္ကူမြို့အတွင်းနဲ့၌ပရိသတ်အချစ်တော်အနုပညာရှင်တွေနဲ့အတူလှည့်လည်အပူဇော်ခံခဲ့ကြတာပဲဖြစ်ပါတယ်။ဟိန်းဝေယံဟာအိမ်ရှေ့မင်းသားနန်းတက်ဝတ်စုံလေးနဲ့မင်းသမီးချောစိုးပြည့်သဇင်ဟာလဲမင်းသမီးဝတ်စုံလေးဝတ်ဆင်ကာပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဘုရင်နှင့်မိဘုရားအဖြစ်ကိုတော့သရုပ်ဆောင်အောင်ခိုင်နဲ့ဝါဝါအောင်တို့ကပါဝင်ကုသိုလ်ယူပူဇော်ခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်အနုပညာရှင်များဟာရှေးခေတ်နန်းဝတ်နန်းစားလေးတွေနဲ့တကယ်ကိုလိုက်ဖက်လှပြီးဟိုးအရင်ခေတ်ကိုပြန်လည်ရောက်ရှိသွားသလိုမြင်တွေ့ခံစားရတာပဲဖြစ်ပါတယ်။ 

ဟိန်းဝေယံရဲ့လူမှုကွန်ယက်မှာလဲ"ပခုက္ကူ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ကိုယ်ပွားတော်မြတ်နှစ်( ၉၀၀)ပြည့်…မြို့တွင်းဒေသစာရီကြွချီအပူဇော်ခံပွဲမှအမှတ်တရများပါ..”ဆိုတဲ့စာလေးနဲ့အတူအမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်မျှဝေပေးထားတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလဲသူတို့အချစ်တော်အနုပညာရှင်တွေရဲ့အခုလိုမြင်တွေ့ရခဲတဲ့ထူးထူးခြားခြားနန်းဝတ်နန်းစားလေးတွေနဲ့ပုံရိပ်လေးတွေကိုသဘောကျနှစ်သက်နေကြတာပဲဖြစ်ပါတယ်။နေပူထဲမှာတောင်အပင်ပန်းခံပြီးအားပေးချစ်ခင်ခဲ့ကြတဲ့ပခုက္ကူကပရိသတ်တွေနဲ့ဒေသစာရီပူဇော်ပွဲလေးဟာအရမ်းကိုစည်းစားခဲ့တာဖြစ်ပြီးပရိသတ်တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်လို့ပါဝင်ခဲ့တဲ့အနုပညာရှင်များကဆိုပါတယ်။ပရိသတ်တွေအတွက်နှစ်၉၀၀ပြည့်ပခုက္ကူမြို့သီဟိုဠ်ရှင်မြတ်စွာဘုရားဒေသစာရီကြွချီပူဇော်ပွဲမှအနုပညာရှင်တွေရဲ့ပုံရိပ်လေးတွေကိုလဲမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဟိန်းဝေယံ,စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။