ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ culture အချို့ ကို ကြိုက်နှစ်သက်အားပေးကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာလည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်လမ်းတွဲတွေဟာ ပရိသတ်အားပေးမှု အတော်လေးရှိထားပြီး ပရိသတ်တွေမှာလည်း အားပေးချစ်ခင်ရတဲ့ မင်းသား မင်းသမီး ကိုယ်စီရှိကြပါတယ်။

မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ စိုးမြတ်နန္ဒာမှာလည်း အားပေးရတဲ့ ကိုရီးယားမင်းသား ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ။ ဒါဒါ သိပ်ကြိုက်ရတဲ့ ကိုရီးယားမင်းသားကတော့ ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်ပြီး ပြည်ပနိုင်ငံတွေအထိ အောင်မြင်မှုရရှိထားတဲ့ မင်းသား ဖြစ်ပါတယ်။ ဒါဒါကတော့ သူမရဲ့ Fan page မှာ မင်းသားရဲ့ Doctors ဇာတ်ကား ဇာတ်ဝင်ခန်း ဓာတ်ပုံအချို့နဲ့ ဒီစာလေးကို ရေးတင်ထားပါတယ်။ 

"အပြင်မှာသာ အသည်းမာ , အကြောတင်းတာ ...

သူ့ကားတွေ ကြည့်ရင် မင်းသမီးနေရာမှာ ကိုယ်ပဲ

အသည်းတွေကွဲ မျက်ရည်လည်ရွှဲ .....

ချစ်ခန်းကြိုက်ခန်းလေးတွေဆိုရင်တော့ ကိုယ့်ပြောနေသလိုပဲ ... ကြည်နူးချက်

#Doctorkoreamovie" ဆိုပြီး ရေးသားထားပါတယ်။ ဒီ post အောက်မှာတော့ ဒီမင်းသားကို ကြွေကြတဲ့ ဒါဒါပရိသတ်တွေရဲ့ comment တွေကို မြင်တွေံရပြီး ဒါဒါကလည်း ပြန်လည်ပြောဆိုထားတာလေးတွေ တွေ့ရပါတယ်။ 

Source: Soe Myat Nandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။