ဗုဒ္ဓဟူးနေ့ က ပြင်းအား ၅.၄ အဆင့် ရှိ ငလျင်တစ်ခု တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်ဦးတည်ပြီး လှုပ်ခတ်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် မှာ လှုပ်ခတ်သွားတာပါ။ တောင်ကိုရီးယား နိုင်ငံ မှာ ငလျင်လှုပ်ခတ်ခဲ ပါတယ်။ ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှု လည်းကြုံရခဲပါတယ်။ ယခုလှုပ်ခတ်မှု ဟာ နိုင်ငံ ရဲ့ ငလျင်လှုပ်ခတ်ခဲ့မှု သမိုင်းမှာ ဒုတိယမြောက် အင်အား အပြင်းထန်ဆုံးငလျင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒီ ငလျင်လှုပ်ခတ်မှု ကို မြို့တော် ဆိုးလ် အပါအဝင် တိုင်းပြည် အနှ့ံ ခံစားခဲ့ရပါတယ်။ ဒီငလျင်ဟာ စက်မှုမြို့ ဖြစ်တဲ့ Pohang နားမှာလှုပ်ခတ်ခဲ့တာဖြစ်တယ် လို့ တောင်ကိုရီးယား မိုးလေဝသဌာန ကပြောကြားသွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် ဒေသမှာ ယခုလိုမျိုး အင်းအားပြင်း ငလျင်လှုပ်ခတ်မှု မျိုး ဖြစ်ခဲပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လမ်းနံရံတွေ တုန်ခါသွားခဲ့ပါတယ်။ လူနေအိမ်များမှာ ရှိတဲ့ ပရိဘောဂ ပစ္စည်းတွေပြင်းပြင်းထန်ထန် လှုှုပ်ခတ်သွားခဲ့ပြီး လူတွေ အဆောက်အဦ အပြင်ဘက်ကို စိုးရိမ်တကြီး ပြေးထွက်ခဲ့ရပါတယ်။ ကားတွေလည်း ပြုတ်ကျလာတဲ့ အုတ်ကျိုးအပိုင်းအစများကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ နောက်ထပ် ၂ နာရီ အကြာမှာ နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ပါသေးတယ်။

Source: channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။