ချယ်ဆီးအသင်းက ၀ီလီယံကိုရောင်းဖွယ်ရှိနေပါတယ်။ ချဲလ်ဆီး အသင်းဟာ ပြင်သစ်လီဂူး ကလပ် PSG အသင်းရဲ့ တောင်ပံ ကစားသမား လူးကပ်မော်ရာ ကို ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ဒါ့ကြောင့်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ၀ီလ်ယံ ကို ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။ နှစ်ယောက်စလုံးကတောင်ပံ ကစားသမားတွေဖြစ်ပါတယ်။ 

ပီအက်စ်၈ျီကို အမ်ဘတ်ပီ ၊ နေမာ တို့ ရောက်ရှိလာတာကြောင့် မော်ရာက အသင်းမှာ အာမခံချက်နည်းပါးသွားခဲ့ပါတယ်။ ဒါ့ကြောင့် မော်ရာ ကို ခေါ်ယူ ဖို့ မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပအသင်းကြီးတွေ စိတ်ဝင်စားနေကြပါတယ်။ ထိုအထဲမှာ ချဲလ်ဆီးအသင်းလည်း ပါ၀င်လာခဲ့ ပြီလို့ ပြင်သစ် သတင်းစာ 10 Sport ကဖော်ပြသွားခဲ့ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးအနေဖြင့် လူးကပ်မော်ရာ အပြင် အခြားထိပ်တန်းကစားတွေကို ခေါ်ယူဖို့ အစီအစဉ်ရှိသေးပါတယ်။

ဒါ့ကြောင့် တောင်ပံ ကစားသမား ၀ီလ်ယံ ကို ဦးစွာရောင်းထုတ်ပြီးမှ မော်ရာ ကို ကမ်းလှမ်းဖို့ ရှိနေတယ်လို့ လည်း အဆိုပါသတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။ ၀ီလ်ယံ ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ မော်ရင်ဟို ရဲ့ပြီးခဲ့တဲ့ နွေရာသီက ချိတ်ဆက်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ၀ီလီယံက ဖန်တီးမှု စွမး်အားကောင်းတဲ့ တောင်ပံကစားသမား ရှာဖွေနေတဲ့ ယူနိုက်တက် ရဲ့ ရေဒါထဲမှာရှိနေဆဲ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘရာဇီး ကွင်းလယ်လူ အော်စကာ ကို ရောင်းချခဲ့တဲ့ တရုတ် စူပါလိဂ် ကလပ်အသင်းတွေထံလည်း ချဲလ်ဆီးတို့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

Source - Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။