မာကိုရိုဟိုကတော့ ဒဏ်ရာကြောင့် အနားယူနေရတာကြာပါပြီ။ မန်ချက်စတာယူနို်င်တက် နောက်ခံလူက ယမန်နှစ်ကတည်းက အနားယူနေရတာပါ။ ရိုဟိုက ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့်ရလနီးအနားယူခဲ့ရပါတယ်။ ယခုအခါ မန်ယူနောက်ခံလူမာကို့စ်ရိုဟိုဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလူငယ်အသင်းအတွက်ပြန်ကစားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်၂၇နှစ်အရွယ်အာဂျင်တီးနားလက်ရွေးစင်ရိုဟိုဟာပြီးခဲ့တဲ့ ဧပြီ၂၀က မန်ယူအတွက်ေ နာက်ဆုံးကစားခဲ့တာပါ။ အဆိုပါပွဲမှာ မန်ယူ ကအန်ဒါးလက်ကို၂ဂိုး၁ဂိုးနဲ့အနိုင်ရရှိခဲပါတယ်။ အဆိုပါ ယူရိုပါလိဂ်ပွဲစဉ်မှာယူနိုက်တက်အတွက် ရိုဟိုက နောက်ဆုံးကစားပေးခဲ့တာဖြစ်ပါတယ်။ ရိုဟိုက ယခုအခါ ဒဏ်ရာပြသနာကနေရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်

ဒါ့ကြောင့် ရိုဟိုဟာဗုဒ္ဓဟူးနေ့ကဘီဘာအိုနှင့် Premier League International ဖလားမှာယူနိုက်တက်အတွက် ၄၅မိနစ်ကြာပါဝင်ကစားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်ယူက ဘီဘာအိုကို 2-1 ဖြင့်နိုင်ခဲ့ပါတယ်။ ရိုဟိုဟာလာမည့်လအစပိုင်းမှာတော့ယူနိုက်တက်အသင်းကြီးအတွက်ပြန်ကစားနိုင်ဖို့ခန့်မှန်းထားပါတယ်။ ကစားသမားကိုယ်တိုင်ကလည်းဒီဇင်ဘာလ၅ရက်နေ့ CSKA မော်စကိုနဲ့ရင်ဆိုင်ရမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာပါဝင်နိုင်ဖို့ပစ်မှတ်ထားနေပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။