တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်ဆယ်လီစုံတွဲဖြစ်တဲ့ မင်းသားလီမင်ဟိုနဲ့ မင်းသမီး ဆူဇီတို့ဟာ လမ်းခွဲပြတ်စဲသွားပြီဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်..။

သူတို့နှစ်ဦးရဲ့ ချစ်ခရီးဟာ ပြီးဆုံုးသွားပြီလို့ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင် အတွင်းသတင်းတွေအရ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

သူတို့နှစ်ဦးကို လမ်းခွဲလို့ ယနေ့ နိုဝင်ဘာ(၁၆)ရက်နေ့မှာပဲ ကိုရီးယား သတင်းဌာန တစ်ခုက ထုတ်ဖော်ရေးသားထားတာ ဖြစ်ပါတယ်..။

လီမင်ဟို နဲ့ ဆူဇီတို့ ချစ်သူနှစ်ယောက်ဟာ ချစ်သူသက်တမ်း(၂)ကျော်ကြာပြီးတဲ့နောက် အခုလို နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲပြတ်စဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတွေကြောင့် လမ်းခွဲလိုက်တာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း လုပ်ဖော်ကိုင်ဖက်ကောင်းတွေ အဖြစ် ရှိနေမှာဖြစါ်ကြောင်း ကိုရီးယား သတင်းဌာနမှာ ဖော်ပြထားတာ တွေ့ရပါတယ်..။

ဆယ်လီစုံတွဲဖြစ်တဲ့ လီမင်ဟိုနဲ့ ှဆူဇီတို့ ချစ်သူနှစ်ဦးဟာ အနုပညာရှင်လောကမှာ တကယ့်ကို ဟော့ဖြစ်တဲ့ စုံတွဲ တစ်တွဲဖြစ်ပြီး သူတို့ရဲ့ relationship ကိုလည်း အားလုံးက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်..။

ဆူဇီရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment ကလည်း အဲ့ဒီအကြောင်းအရာနဲ့ ပတက်သက်ပြီး “ဆူဇီနဲ့ လီမင်ဟို တို့ဟာ လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်ကြောင်း ဖြေကြားထားတာ တွေ့ရပါတယ်..။

မင်းသား လီမင်ဟိုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မော်လ်ဒယ် သရုပ်ဆောင် ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး Boy Over Flower (F4) ချစ်သူ ဇာတ်ကားမှာ အဓိက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး သူ့ကို အောင်မြင်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်..။

ဂူဂျွန်ဖြိုး အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ F4 ချစ်သူ ဇာတ်ကားဟာ သူ့ရဲ့ အအောင်မြင်ဆုံးနဲ့ တောင်ကိုရီးယားနိုင်ငံ သာမက အာရှနိုင်ငံတွေကပါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ ရရှိပိုင်ဆိုင်ခဲ့ပြီး မြန်မာပရိသတ်တွေအနေနဲ့လည်း ပထမဆုံး စသိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်..။

မော်လ်ဒယ် အဆိုတော် မင်းသမီး ဖြစ်တဲ့ မင်းသမီးချောလေး ဆူဇီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပြီး Miss A မိန်းကလေးအဆိုတော် အဖွဲ့ဝင်တွေ

အသက်(၇)နှစ် ကွာတဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ၂၀၁၅ ခုနှစ် မတ်လမှာ တွဲနေတဲ့အကြောင်း ပရိသတ်တွေကို တရားဝင်ကြေညာပြီးတဲ့နောက်မှာလည်း လျှို့ဝှက်စွာ Date ခဲ့ကြတဲ့အတွက် သူတို့နှစ်ယောက် Date တာကိုလည်း ပရိသတ်တွေအနေနဲ့ တွေ့ရခဲပါတယ်..။

Source - Koreaboo , Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။