ယမန်နေ့က စင်ကာပူ နိုင်ငံတွင် ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက်က ဂျူကူး MRT ဘူတာရုံတွင် စက်ပျက်၍ ရထားတစ်စီးသည် ရပ်တန့်နေသည်။ အဆိုပါ ရပ်တန့်နေသည့် ရထားတစ်စီးကို အခြားတစ်စီးက ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ 

ယခု မတော်တဆမှု အပြီးတွင် အဆိုပါ ရထားလမ်းပိုင်းကို ယာယီ ပိတ်ထားလိုက်ရသည်။ တိုက်မိသော ရထားနှစ်စီးမှာ ယခုအခါ ဆက်လက်ခုတ်မောင်း ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။ ဒဏ်ရာရသူများတွင် ခရီးသည် ၂၃ ဦးနှင့် စင်ကာပူ MRT ဝန်ထမ်း ၂ ဦး ပါဝင်ကြသည်။ ၎င်းတို့ကို နောင်တန်ဖွန် ဆေးရုံနှင့် အမျိုးသား တက္ကသိုလ် ဆေးရုံများသို့ ခွဲဝေ ပို့ဆောင်ပေးခဲ့သည်။  

ဆေးရုံ ရောက်ရှိခဲ့သူများအနက် နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။ စင်ကာပူ ရထားပို့ဆောင်ရေး အာဏာပိုင်များက ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကြေညာသည်။ ရထားနှစ်စီး တိုက်မိသည့် အရှိန်မှာ မပြင်းထန်ခဲ့ဟု ကိုယ်တိုင် ဒဏ်ရာရခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။ စင်ကာပူ၏ ရထားပို့ဆောင်ရေး စနစ်သည် ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့ပြီး ပုံမှန်အားဖြင့် လုံခြုံရေး အဆင့်အတန်း မြင့်မားသည့် ကွန်ရက်တစ်ခု ဖြစ်သည်။ စင်ကာပူတွင် ပထမဆုံး ရထား မတော်တဆမှုမှာ ၁၉၉၃ ခုနှစ်က ဖြစ်ပွားပြီး ရထားနှစ်စီး ရှေ့ဆင့်နောက်ဆင့် တိုက်မိမှုအတွင်း လူပေါင်း ၁၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Source – Straight Times, 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။