အသံပါဝါကောင်းကောင်းနဲ့ပရိသတ်တွေရင်ထဲထိစေတဲ့တေးသီချင်းလေးတွေကိုသီဆိုလေ့ရှိတဲ့တေးသံရှင်အိုင်းရင်းဇင်မာမြင့်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့သူမမှာလူမှုရေးပြသနာလေးတွေရှိနေခဲ့တာဖြစ်ပြီးပရိသတ်တွေလဲသူမနဲ့ထပ်တူစိတ်မကောင်းဖြစ်နေကြရတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့အတူသူမကြုံတွေ့ခံစားနေရတဲ့လူမှုရေးပြသနာတွေကိုအကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေတာပဲဖြစ်ပါတယ်။ယခုသူမရဲ့လူမှုကွန်ယက်မှာShareလိုက်တဲ့သီချင်းလေးနဲ့ပတ်သတ်ပြီးမေးခွန်းထုတ်နေကြတဲ့ပရိသတ်တွေအပေါ်ပြန်လည်ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။ 

သူမရဲ့လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာအထက်မှာသီချင်းလေးတစ်ပုဒ်ကိုShareလိုက်တာကြောင့်ပရိသတ်တွေရဲ့သိချင်စိတ်တွေနဲ့မေးခွန်းလေးတွေထုတ်နေမှုအပေါ်သူမShareလိုက်တဲ့Postအောက်မှာပြန်လည်ဖြေရှင်းလိုက်တာကိုမြင်တွေ့ရပါတယ်။သီချင်းလေးကတော့သူမရဲ့အရမ်းကိုနာမည်ကြီးခဲ့တဲ့သီချင်းကောင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့"စောင့်မျှော်လျက်ပါချစ်သူ"ဆိုတဲ့သီချင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီသီချင်းလေးရဲ့ခေါင်းစဉ်လေးကြောင့်ပရိသတ်တွေသိုလောသိုလောမေးခွန်းတွေထုတ်ခဲ့ကြတာဖြစ်ပြီးဒီသီချင်းလေးကိုရေးစပ်ပေးထားတဲ့တေးရေးဆရာကသူမရဲ့ချစ်သူဟောင်းအဆိုတော်ကောင်းကောင်းဖြစ်နေတာကြောင့်ပရိသတ်တွေပိုပြီးသိချင်စိတ်လေးတွေနဲ့မေးခွန်းတွေထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ 

အိုင်းရင်းဇင်မာမြင့်ဟာသူမရဲ့ပရိသတ်တွေအပေါ်အခုလိုပဲပြန်လည်ပြောပြဖြေရှင်းခဲ့ပါတယ်။"ကိုယ့်ကိုယ်ကပိုင်သီချင်းလေးမို့Shareထားပါစောင့်နေတုန်းလာမေးတဲ့လူတွေအတွက်ကိုယ့်အိမ့်ကအမှိုက်ထုတ်အမှိုက်ကားလာသယ်တာကိုပြန်များလာပို့မလားလို့မျှော်တက်လားလို့တွေးပေးပါ"လို့သူမShareထားတဲ့ သီချင်းလေးအောက်မှာ Commentလေးရေးပြီးပြန်လည်ရှင်းပြလိုက်တာပဲဖြစ်ပါတယ်။အိုင်ရင်းဇင်မာမြင့်ဟာသူမရဲ့လူမှုရေးပြသနာတွေနဲ့ပတ်သတ်ပြီးအခုလိုမေးခွန်မျိုးခဏခဏအမေးခံနေရတာပဲဖြစ်ပါတယ်။အိုင်ရင်းကိုချစ်တဲ့ပရိသတ်တွေကလဲအားပေးစကားလေးတွေနဲ့စိတ်ဓာတ်မကျစေဖို့အားပေးနေကြတာကိုလဲမြင်တွေ့ရတာပဲဖြစ်ပါတယ်။လူမှုရေးပြသနာတွေနဲ့ပတ်သတ်ပြီးအကောင်းဆုံးရင်ဆိုုင်ဖြေးရှင်းနေရတဲ့ပရိသတ်အချစ်တော်အိုင်ရင်းကိုအားပေးစကားလေးတွေဆိုလိုက်ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - အိုင်ရင်းဇင်မာမြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။