မော်လိုက်မြို့နယ် တပ် ကုန်းကျေးရွာတွင် လယ်တောအ တွင်းထားရှိသော စပါးကောက် လှိုင်းအစည်း ရ၀၀ ခန့်မီးရှို့ဖျက် ဆီးခံရကြောင်း သိရှိခဲ့ရသည်။ အဆိုပါ သတင်းအား စစ်ကိုင်းတိုင်းဒေ သကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးမှ သိရှိခဲ့ရခြင်းဖြစ်သည်။ ထိုစပါးများအား တပ်ကုန်းကျေးရွာနေ အသက် (၅၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးပိုင်ဆိုင်ခြင်းဖြစ်သည်။ 

အဆိုပါ အမျိုးသမီး၏ လယ်တောအတွင်း ထားရှိသည့် စပါးကောက်လှိုင်း များ နိုဝင်ဘာ ၁၃ ရက် နံနက်က မီးရှို့ခံရသည်။ ‘‘လယ်တောထဲက စပါး ကောက်လှိုင်းစည်းတွေ မီးရှို့ခံရ လို့ လယ်ကွက်ပိုင်ရှင်က တရားလိုပြုလုပ်တိုင်ကြားထားတာရှိပါ တယ်။ မီးရှို့သူကိုတော့ စုံစမ်းနေ ဆဲပါ။ ရဲစခန်းမှာ အမှုဖွင့်ထားပါ တယ်’’ ဟု အဆိုပါရဲအရာရှိက ပြောသည်။ အဆိူပါ အမျိုးသမီးအနေဖြင့် စပါးများ မီးရှို့ဖျက်ဆီးခံရပြီးနောက် သက်ဆိုင်ရာသို့ လာရောက်တိုင်တန်းခဲ့သည်။

ကောက်လှိုင်းစည်းများ မီးလောင်နေကြောင်း သတင်းအရ လယ်ကွက်ပိုင်ရှင် အမျိုးသမီးသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြား၍ သွားရောက်ကြည့်ရှုရာ လယ်တောအတွင်းထားရှိသော ကာလတန်ဖိုး ကျပ် ၃၅၀,၀၀၀ ရှိ စပါးကောက်လှိုင်းအစည်း ရ၀၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ကွက်ပိုင်ရှင်အမျိုးသမီးက အမှုဖွင့်တိုင်ကြားသဖြင့် မော်လိုက်မြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၅ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Source - 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။