လိင်ဆက်ဆံတဲ့အခါဖြစ်စေ၊ လိင်အင်္ဂါမှ တစ်ဆင့်ဖြစ်စေ ကူးစက်တတ်တဲ့ ရောဂါများ ရှိပါတယ်။ ဘယ်လိုရောဂါတွေကို ကူးစက်နိုင်လဲ ? ဘယ်လို ကာကွယ်ရမလဲ? ဘယ်လို လူမျိုးတွေမှာ ဖြစ်နိုင်ခြေရှိလဲ ? ဒါတွေကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါပဲ။ အိမ်ထောင်ရှင်များနှင့် အရွယ်ရောက်ပြီးသား လူငယ်များအနေဖြင့်လည်း သိထားသင့်ပါတယ်။ ဒါ့ကြောင့် ဖော်ပြပါ အချက်များကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။  

လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများမှာ -

- HIV/ AIDS ရောဂါ

- ကာလသားရောဂါ

- လိင်အင်္ဂါ ကြွက်နို့ရောဂါ

- လိင်အင်္ဂါမှာ ရေယုန်ပေါက်တဲ့ ရောဂါ

- အသည်းရောင် အသားဝါ ဘီပိုး

- ဂနိုရောဂါ

- ရှန်ဂါ ရောဂါ

- အရေပြားရောဂါ

ဒီလို ရောဂါတွေ ကူးစက်ခံရပြီဆိုရင် အမြစ်ပြတ်အောင် ကုသဖို့ လိုပါတယ်။ အမြစ် မပြတ်ဘူးဆိုရင် ပြန်လည် ဖြစ်ပေါ် ခံစားရတတ်ပါတယ်။ HIV/ AIDS ရောဂါအနေနဲ့ကတော့ အမြစ်ပြတ် ကုသဖို့ မရနိုင်တာမို့ ရောဂါပိုး မပွားများအောင် ထိန်းထားတဲ့ ဆေးတွေကို ဆေးညွှန်းအတိုင်း ဂရုတစိုက် သောက်သုံးသင့်ပါတယ်။ ဖော်ပြပါ ရောဂါများ ဖြစ်ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသတိုင်ပင်ဖို့ လိုပါတယ်။

လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်ခံရနိုင်ခြေရှိတဲ့ သူတွေကတော့

- လိင်အပျော်အပါး လိုက်စားသူများ

- လိင်အပျော်အပါး လိုက်စားသူများနှင့် ပေါင်းသင်းဆက်ဆံနေသူများ တို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားမှာ ရောဂါ ခံစားရလျှင်လည်း သူ၏ အမျိုးသမီးပါ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ 

ကာကွယ်နိုင်တဲ့ နည်းလမ်းများ အနေနဲ့ကတော့

- ကွန်ဒုံး သုံးစွဲခြင်း

- အိမ်ထောင်ဖက်ပေါ်တွင် သစ္စာရှိခြင်း

- ရိုးသား ကြိုးစားစွာ နေထိုင်ခြင်း … စတဲ့ အချက်တွေနဲ့သာ ကာကွယ်နိုင်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက အရေးကြီးတာမို့ သတိလက်လျော့ မနေမိကြဖို့ အကြံပေးချင်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။