ဖေ့ဘွတ်မှာ နေ့စဉ်နှင့်အမျှ ကိစ္စမျိုးစုံ ပြည့်နှက်နေကြပါတယ်။ အတင်းတွေ သတင်းတွေ ပြည့်စုံကာ ဘာလုပ်လုပ်ဝေဖန်ခံနေရတဲ့သူတွေလည်း အများကြီးပါ။ မကြာခဏ လူအများရဲ့ ဝေဖန်ခြင်းကို ခံနေရတဲ့ဇေရဲထက်တစ်ယောက်ကတော့.....

ဖေ့ဘွတ်ကို စွန့်ခွာတော့မယ်လို့ဆိုပါတယ်။ သူ့ရဲ့ဖေ့ဘွတ် အကောင့်မှာ ယခုလိုရေးထားပါတယ်။ 'ကျနော်အားလုံးကိုုဖြူစင်စွာနဲ့မင်းသားဆိုတဲ့အရှိန်မရှိအောင်မောင်နှမသားချင်းလိုအမေလိုအဖေလိုဆက်ဆံတယ်..ရလိုက်တာက လောဘဇောနဲ့အူတိုမူ့ စကားဖောင်းပွမူ့..တော်ပြီအားလုံးကိုချစ်တယ်..ကျနော်အကောင်းဆုံးနေထိုင်ပေးခဲ့တယ်fbပေါမှာ..အခုစိတ်ကုန်ပြီ သုံးရတာ လုံးဝဖျတ်လိုက်တော့မယ်..ဒီအကောင့် တခုပဲသုံးတယ်အခုဖျတ်ပြီ အင်စတောဂရမ် တခုပဲသုံးတော့မယ်' လို့ပြောပါတယ်။

ဇေရဲထက် ယခုလို ဖေ့ဘွတ်မသုံးတော့ဘူးလို့ပြောလိုက်ရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ဇာတ်ကားတွေနှင့်ပတ်သက်လို့ နေ့စဉ်မပြတ် troll တဲ့ဟာတွေ memes တွေ အဆက်မပြတ်ထွက်လာလို့လားဆိုတာကို သံသယရှိနေကြပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ ဇေရဲထက် မသွားဖို့ဝိုင်းဝန်းပြောကြပြီး သူတို့ အနေနှင့် ဇေရဲထက်နှင့် အဆက်အသွယ်ရတာ ဒီဟာပဲ ရှိတယ်လို့ဆိုကြပါတယ်။ ဖေ့ဘွတ်မှာ follower တစ်သိန်းခွဲကျော်တဲ့ ဇေရဲထက်တစ်ယောက် အပြီးအပိုင် နှုတ်ထွက်သွားပြီလား.....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။