သတင်း မီဒီယာ တွေမှာ တော့ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Brad Pitt ဟာ မိုနာကို တော်ဝင်မင်းသမီး Charlotte Casiraghi နဲ့ တိတ်တဆိတ် တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မိုနာကို တော်ဝင်မင်းသမီး Charlotte Casiraghi ဟာ အသက် ၃၁ နှစ်ရှိပါပြီ။ Brad Pitt က အဆိုပါ သတင်းကို ငြင်းဆိုလိုက်ပါတယ်။ Brad Pitt ဟာ အိမ်ထောင်နှစ်ဆက်ရှိပြီးပါပြီ။

Brad Pitt ဟာ ပြီးခဲ့တဲ့ နှစ်က ဒုတိယ မြောက်ဇနီး ဖြစ်တဲ့ အိန်ဂျလီနာဂျိုလီ နဲ့ လမ်းခွဲခဲ့ပါတယ်။ ယခင် ပထမ ဆုံး ဇနီး ကတော့ Jennifer Aniston ပါ။ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် အထိ သူတို့ လက်တွဲခဲ့ပါတယ်။ အဆိုပါ Brad Pitt မိုနာကို တော်ဝင်မင်းသမီး နဲ့ တိတ်တဆိတ် တွဲနေတယ်ဆိုတဲ့ သတင်းကို သြစတြေးလျ သတင်း မီဒီယာတွေက ရေးသားခဲ့တာပါ။ ဒါပေမယ့် ဒီကောလဟာလ သတင်းဟာ မမှန်ကန်ပါဘူး လို့ Brad Pitt နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ဆိုပါတယ်။

သြစတြေးလျ သတင်း မီဒီယာတွေ က ရေးသား ရာမှာ တော့ Brad Pitt ဟာ မိုနာကို တော်ဝင်မင်းသမီး Charlotte Casiraghi နဲ့ Los Angeles မှာ ကျင်းပတဲ့ ပွဲတစ်ပွဲမှာ အတူတွေ့ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက် မခွဲနိုင်မခွာနိုင်် ဖြစ်နေကြတယ်လို့ဆိုပါတယ်။ မျက်မြင်တစ်ယောက် ကပြောကြားရာမှာ သူတို့နှစ်ယောက်ကို အတူ တွေ့ခဲ့ရတာကို ပြောပြ ရင် ယုံဖို့တောင် ခက်ခဲပါလိမ့်မယ် လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Brad Pitt နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တွေကတော့ ဒီကောလဟာလ သတင်းဟာ မမှန်ကန်ပါဘူး လို့ ပြန်လည်ငြင်းဆိုထားပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။