၀က်သားတုတ်တိုးကို ပျိုမေများအပြင် ယောက်ျားလေးအများစုကပါ နှစ်သက်ကြပါတယ်။ ၀က်သားတုတ်တိုးလေးစား၊ ဟင်းချိုထဲကို သံရာသီးလေးညှစ်ထည့်၊ ကြက်သွန်ဖြူလေး ကိုက်စားရင် အရမ်းကို အရသာ ရှိပါတယ်။ တစ်ခါတစ်လေ ကိုယ် ချစ်ရတဲ့ သူတွေနဲ့ အိမ်မှာပဲ သန့်သန့်ရှင်းရှင်း ချက်ပြုတ် စားသောက်ကြတဲ့ အခါ ၀က်သားတုတ်ထိုး လုပ်စားနည်းကိုလည်း ရွေးချယ်လို့ ရပါတယ်။ ဒါ့ကြောင့် ဆိုင်မှာဝယ်မစားပဲ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရမဲ့ ၀က်သားတုတ်ထိုး နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ 

ပါ၀င်သောပစ္စည်းများ

အချင်းတိုင် ၂၅သား

အူချို ၂၀သား

အူမကြီး ၂၅သား

နို့အုံသား ၄၀သား

အူပိတ် ၂၅သား

နားရွက် တစ်ဖက်

လျှာ တစ်ချောင်း

နှလုံး တစ်ခု

သုံးထပ်သား ၂၀သား

အသဲ ၁၀သား

ဘဲဥ ၃လုံး

(ဖော်ပြပါ အမျိုးအမည်များကို မိမိကြိုက်နှစ်သက်သလို လိုသလောက် ထည့်နိုင်ပါတယ်။)  

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။ အူချို/အချင်းတိုင်/နလုံး/လျှာ/နို့အုံသား/နားရွက်/အသဲ/သုံး ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။ အရမ်းမဆေးပဲ စင်ရုံဆေးပါနော်။

(၂) အူမကြီးကိုရေဆေးပါ။ ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။ အချွဲ များကုန်အောင်မွှေပါ။ ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့် ဆေးပါ။ အူပိတ်ကို ပြောင်းပြန်လှန် ဆား မကျည်းသီးနှင့်ပွတ်ဆေးပါ။ အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။ ပြောင်သွားလျှင် အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။

(၃) အားလုံးပြီးမှ တစ်ချောင်းသို့ ထပ်ထပ်ပြီးသွတ်ပါ။ တူသုံးလို့ရပါတယ်။ အားလုံးပြီးရင် ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။ဆား/သ ကြား(ကြက်သားမှုန့်)/ငရုတ်ကောင်း/တရုတ်မဆလာ/အ သားမဆလာ/ပဲငံပြာရည်အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲ သေတ္တာထဲသို့ထည့် နှပ်ထားပါ။ ချက်ကာနီးလျှင်နာရီဝက်ခန့်ကြိုထုတ်ပါ။

(၄) ဆီပူပူမှာ သကြားထည့်ပါ။ ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။ ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။ Pressure cooker ထဲသို့ပြောင်းထည့်ပါ။ ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပါ။ နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။ မိနစ်၂၀ခန့်ကြာ လျှင် နူးလွယ်သောအသားများထုတ်ကာကျန်သောအသား များနူးသည်အထိတည်ပါ။

(၅) အားလုံးရလျှင်ဆယ်ပြီးကျန်သော ရေဖြင့် အသဲထည့်ပြုတ်ပြီး ဆယ်ထားပါ။ ဘဲဥပြုတ်ထည့်ပါ။ ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးမျှင်းမျှင်းဖြင့်တင်ထားပါ။ ကြိုက်ရာကိုလှီးပြီးစားလို့ရပါပြီ။ 

အချဉ်ရည် ပြုလုပ်နည်း

မကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင်ဇကာနှင့်အနှစ်တိုက်ချပါ။ ထန်းလျှက်ကိုရေအနည်းငယ်နှင့် ကြိုပြီးသဲစစ်ထား ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းပါ။ ငရုတ်ဆီထည့်ပါ။ ပဲငံပြာ ရည်အကြည် ဂျင်းအရည်ထည့်ပါ။ ငံပြာရည်(ကြက်သားမှုန့်) ထည့်ပါ။ ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။

အခုဆိုရင်တော့ အရသာရှိလှတဲ့ ၀က်သားတုတ်ထိုးနဲ့ အချဉ်ရည်ကို တွဲဖက်စားသုံးနိုင်ပါပြီ။

ပျော်ရွှင်စရာကောင်းသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်

Credit : Original Writer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။