ထိုင်းအစိုးရရဲ့ လူမှုဖူလုံရေးနဲ့ သက်သာချောင်ချိရေးဆိုင်ရာ ထောက်ပံ့မှုပေးရေးဆိုင်ရာ စီမံချက် ဒုတိယအဆင့်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ထိုင်းပြည်သူတွေ အတွက် အင်တာနက် အခမဲ့ အသုံးပြုနိုင်တဲ့ ဆင်းမ်ကတ်တွေကို ပေးဝေနိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

တီအိုတီ အင်တာနက်ကုမ္ပဏီကနေ ထောက်ပံ့ကူညီပေးထားတဲ့ ယခုအစီစဉ်ဟာ အစိုးရ လူမှုဖူလုံရေးထောက်ကြေးငွေ ခံစားနေတဲ့ ပြည်သူတွေကို အတွက် ရည်ရွယ်ထားကြောင်း၊ ကုမ္မဏီ အနေဖြင့်လည်း အစိုးရနဲ့ ဆက်လက်ဆွေးနွေးရမယ့် အပိုင်းတွေရှိသေးတာကြောင့် အသေးစိပ်မပြောနိုင်သေးကြောင်း တီအိုတီရဲ့ အကြီးတန်း စီမံအုပ်ချုပ်မှုဆိုင်ရာ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ရန်ဆန် ချန်နာရူကာ က ပြောကြားခဲ့ပါတယ်။

ပြည်သူများ အသုံးပြုခွင့် ရမည့် ဆင်းမ်ကတ်များတွင် ပုံသေသတ်မှတ်ထားတဲ့ မဂ္ဂါဘိုက်ပမာဏ ပါဝင်ပြီး နေ့စဉ် မည်မျှ အသုံးပြုခွင့်ရမည်ကို မသိရသေးဘဲ ဒီလိုထောက်ပံ့ပေးနိုင်ဖို့ တီအိုတီ အင်တာနက်ကုမ္မဏီကနေ နက်ဝပ်ခ် အသုံးပြု နိုင်မှုကို အစိုးရအနေနဲ့ ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရကထောက်ပံ့ပေးတဲ့ ဆင်းမ်ကတ်တွေက ဖုန်းခေါ်ဆိုလို့ရနိုင်မှာ မဟုတ်ဘဲ အင်တာနက် တခုတည်းသာ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့မှာတော့ အစိုးရက ဝင်ငွေနိမ့် ပြည်သူတွေအတွက် ထောက်ပံ့ကူညီပေးနိုင်ဖို့ ရန်ပုံငွေ ဘတ်ငွေ ၄၁ ဒသမ ၉၄ ဘီလီယံကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။