Make Up လောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေကလည်း ချစ်ခင်အား ပေးတဲ့ Make Up ပညာရှင်ကတော့ ခင်စန်းဝင်းလို့ခေါ်တဲ့ မကြီးစန်းပဲဖြစ်ပါတယ်။ သူမက လိင်ပြောင်းခွဲစိတ်မှုကိုတော့ ပြုလုပ်ထားခြင်းမရှိသေးပါဘူး။ မိန်းမဘဝကို ပိုမိုနှစ်သက်ပြီး မိန်းမဘဝနဲ့ပဲ တစ်သက်လုံးနေ သွားတော့မယ်လို့ ဆုံးဖြတ်ချက်တွေရှိတဲ့ သူမတို့လိုလူမျိုး တွေကို ဆိုရင်တော့ Sex Change လုပ်ဖို့ကို အားပေးပါတယ်လို့ သူမကဆိုပါတယ်။ သူမတို့ လိုလူတန်းစားတွေအတွက် လူတိုင်းနဲ့ဆက်ဆံတဲ့အခါ အဆင်ပြေစေချင်တယ် ချစ်ခင်မှုရှိ စေချင်တယ်လို့ဆိုပါတယ်။

သူမရဲ့တပည့်ဖြစ်သူလေးတွေကိုတော့ သူမအနေနဲ့ ဆိုဆုံးမပေးလို့အဆင်ပြေပေမယ့် သူမရဲ့ တပည့် မဟုတ်သူတွေကို လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်ဖို့ ပြောပြပေးတဲ့အခါတွေမှာ သူမကိုမလိုမုန်းထားစိတ်ဖြစ်မှာကို မလိုလားဘူးလို့ဆိုပါတယ်။ မိန်းမလျှာတွေပဲနေတဲ့ကမ္ ဘာမဟုတ်တာကြောင့် တခြား ယောကျာ်း မိန်းမတွေနဲ့လည်း အဆင်ပြေပြေဖြစ်စေချင်တယ် လို့ သူမကဆိုပါတယ်။ သူမငယ်ရွယ်စဉ် အချိန်ခါတွေတုန်းက မိန်းမလျှာဘဝဖြစ်နေတာမို့ သူများတွေမျက်စိနောက်မှာကြောက်လို့ ထိန်းထိန်း သိမ်းသိမ်းနေခဲ့တယ်လို့ဆိုပါတယ်။ မျက်စိနောက်ပြီး တစ်ခုခုအပြောခံရမှာကို စိုးရိမ်တာကြောင့်လဲ ပါတယ်လို့ဆိုပါတယ်။

ခုအသက်အရွယ်လည်းရလာပြီဆိုတော့ ပိုပြီးထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်လို့ဆိုပါတယ်။ နာမည် ဂုဏ်သတင်းတစ်ခုကြောင့်လည်း ပိုမိုထိန်းသိမ်းပြီး နေချင်တဲ့စိတ်တွေဖြစ်တယ်လို့ဆို ပါတယ်။ အဓိကအားဖြင့်သူများမျက်မုန်းမကျိုးစေပဲ ချစ်ချစ်ခင်ခင်ဖြစ်အောင်နေဖြစ်တယ်လို့ ဆိုပါတယ်။ သူမက လူကြီး လူငယ်မရွေးအားလုံးနဲ့အဆင်ပြေအောင်နေတယ်လို့ဆိုပါတယ်။ ချမ်းသာသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ အားလုံးကိုတပြေးညီထဲ ဆက်ဆံတတ်တဲ့ သူမ ရဲ့စိတ်ရင်းကြောင့် အားလုံးကလည်း သူမကိုပြန်လည်ချစ်ခင်ကြတာထင်ပါတယ်လို့ သူမရဲ့ အမြင်ကို Interview တစ်ခုမှာဖြေကြားသွားပါ တယ်။

Source from Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။