တိရစ္ဆာန်လေးတွေကို တယုတယ ချစ်တတ်တဲ့ နှလုံးသား လူတိုင်းမှာမရှိနိုင်ပါဘူး။

မိန်းကလေးတွေအားလုံးထဲမှာတောင်မှ တဝက်ကျော်ကျော်လောက်သာ အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ကြောင်လေးတွေ ခွေးလေးတွေကို ချစ်တတ်ပါတယ်။

အကယ်လို့ သင်က ကြောင်ချစ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်သူတော်ထားပြီဆိုရင်တော့ သင့်ကိုယ်သင် ကံကောင်းတယ်လို့ ၀မ်းသာ ဂုဏ်ယူလိုက်ပါတော့ ။

(၁) သနားကြင်နာတတ်တဲ့ နှလုံးသား သူတို့မှာ ပိုင်ဆိုင်ထားတယ်။ ဟန်ဆောင်မှုကင်းပြီး သူတစ်ပါးကို သနားကြင်နာတတ်တယ်။

(၂) တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘူး။ အပြင်မှာ အစားကောင်းအသောက်ကောင်းတွေဖွယ်ဖွယ်ရာရာ စားနေရင်တောင်မှ သူတို့ရဲ့ ကြောင်လေးတွေအတွက်ပါ သတိရတတ်ပါတယ်။ အသားငါးကျန်တဲ့အရိုးအရွင်းလေးတွေကို အိမ်က ကလေးတွေဆို သိပ်ကြိုက်မှာပဲလို့ သူတို့က တွေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကြောင်ချစ်တဲ့ကောင်မလေးအများစုဟာ သူတို့စားနေရပေမယ့်လည်း ကြောင်လေးတွေအတွက်ဆို အငတ်ခံပြီးတော့တောင် ကျွေးတတ်ကြပါတယ်။ သင့်အပေါ်ကိုလည်း ဂရုစိုက်ကြင်နာမှုရှိမယ့်မိန်းကလေးပါ။

(၃) အထီးကျန်နေချိန် အိမ်က ကြောင်လေးတွေနဲ့ စကားတွေပြောရင်ဖွင့်လေ့ရှိတယ်။သူတို့ချစ်တဲ့ကြောင်လေးတွေနဲ့ဖက်ပြီး စကားလေးတွေပြောေ့လရှိတယ်ဆိုရင် သင့်ကောင်မလေးမှာ တခြားသူနဲ့ ပွေရှုပ်နေမှာစိတ်ပူစရာမလိုပါဘူး။ သူ့ခေါင်းထဲမှာ သင်နဲ့ဝေးနေချိန်မှာတောင်သူ့ကြောင်လေးတွေနဲ့ အဖော်ပြုပြီး စကားတွေပြောမှာပါ။

(၄) ကြောင်လေးတွေသေသွားတဲ့အခါမှာလည်း ရှိုက်ကြီးတငင်ငိုလေ့ရှိတယ်။ အဲ့လိုမိန်းကလေးတွေဟာ သူတို့မွေးထားတဲ့ ကလေးလေး တစ်ကောင်ကောင်သေသွားရင် သူတို့အပြစ်လို့ပဲ ယူကြုံးမရဖြစ်လေ့ရှိပါတယ်။ သူတို့ချစ်တဲ့သူတွေအတွက်ဆို အသက်တောင်ပေးဝံ့တဲ့မိန်းကလေးတွေပါ။

အခုနောက်ပိုင်း မင်္ဂလာမောင်နှံတော်တော်များများက ကြောင်လေးတွေနဲ့ပဲ Prewedding လှလှလေးတွေရိုက်လာကြပါတယ်။

ဒ့ါကြောင့် အခုစာကိုဖတ်နေတဲ့သင်က ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ ဒီလိုကြောင်ချစ်တတ်တဲ့ကောင်မလေးမျိုးကို လက်လွတ်မခံပဲ အမိအရ ဆွဲထားလိုက်တော့နော် ။

ပျော်ရွှင်ကြည်နူးဖွယ်အချစ်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။