မင်းသမီးချောလေး ရွှေမှုံရတီကတော့ သူမရဲ့ ကျန်းမာရေးအခြေကြောင့် ဆေးရုံရောက်ရှိနေပြန်ပါပြီ..။

ရွှေမှုံရတီဟာ သူမရဲ့ ကျန်းမာရေးကြောင့် မကြာခဏ ဘန်ကောက်မှာ ဆေးရုံတတ်နေရတာ ဖြစ်ပြီး ရုတ်တရက်ဆေးရုံရောက်ရောက်သွားတာ ဖြစ်ပါတယ်..။

အခု လက်ရှိမှာလည်း ဘန်ကောက်မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပြီး သူမရဲ့ ကျန်းမာရေးထက် အလုပ်တွေပျက်ရတာကို ပိုစိတ်ပျက်မိတယ်လို့ ဆိုပါတယ်..။

သူမဆေးရုံတတ်နေရတဲ့အကြောင်းကို မင်းသမီး ရွှေမှုံရတီက ယနေ့ နိုဝင်ဘာ(၁၆)ရက်နေ့မှာ သူမရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။

“စိတ်ညစ်တယ်..ရောက်ရှိပြန်ပြီ အလုပ်ကမပြီး စိတ်ပျက်မိ” လို့ သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

သူမရဲ့ ပို့စ်အောက်မှာတော့ ညီမဖြစ်သူ ငွေမှုံရတီက ကျန်းမာရေး ဂရုစိုက်ဖို့ မှာနေပြီး သူငယ်ချင်းမိတ်ဆွေများနှင့် ပရိသတ်များကလည်း ကျန်းမာရေး ပြန်ကောင်းဖို့ ဆုတောင်းစကားများနှင့် အားပေးစကားများလည်း ပြောပေးထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ရွှေမှုံရတီဟာ အစာအိမ်ရောဂါအပြင် နှလုံးရောဂါလည်း ရှိတယ်လို့ သိရပြီး ထို့ကြောင့် မကြာခဏ ဆေးရုံတတ်နေရတယ်လို့လည်း သိရပါတယ်..။

မင်းသမီးချောလေး ရွှေမှုံရတီဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အသက်ငယ်ဆုံး ခေါင်းဆောင်မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာရရှိထားပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများ အဆက်မပြတ် ရိုက်ကူးနေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံ ကြော်ငြာတော်တော်များများမှာလည်း ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖေ့စ်ဘုတ်ဘုရင်မ” ဟာသ ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ရုံတင်ပြတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - ရွှေမှုံရတီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။