တောင်ကိုရီးယား နိုင်ငံ အမေရိကန် သံရုံးမှာ ပြုလုပ်ကျင်းပခဲ့တဲ့ လှုပ်ရှားမှု တစ်ခုမှာ အမေရိကန် သမ္မတကတော် Melania Trump နဲ့ မင်းသားမင်ဟို တို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီ့ အမေရိကန် သံရုံးမှာ ပြုလုပ်ကျင်းပခဲ့တဲ့ “Girls Play 2” လှုပ်ရှားမှု ကို အမေရိကန် သမ္မတကတော် Melania Trump နဲ့ မင်းသားမင်ဟို တို့အပြင် အခြားဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ့ ပွဲလေးဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် Pyeongchang အိိုလံပစ်အားကစားပွဲ အကြို ပွဲလေးလည်းဖြစ်ပါတယ်။ သမ္မတကတော် Melania Trump က သင်တိုု့အားလုံး နောက်နှစ်လာမယ့် အိိုလံပစ်အားကစားပွဲ ကို ကျင်းပဖို့ ရင်ခုန်နေကြမှာ အမှန်ပါပဲ လို့ပြောကြားခဲ့ပါတယ်။

မင်းသားမင်ဟို က “ကျွန်တော် ဒီလို အံ့သြဖို့ကောင်းတဲ့ ပွဲလေးကို တက်ခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ အိမ်မက်က အားကစား သမား တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ကျွန်တော် မင်းသား၊ အဆိုတော် သာ မလုပ်ဖြစ်ခဲ့ရင် အားကစားသမားတစ်ယောက် ဖြစ်နေမှာလောက်မှာပါ။ ဒီနေ့အထိ လည်း ကျွန်တော် အားကစားလုပ်ပြီး၊ အားကစားလိုက်စားရတာ ၀ါသနာပါပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မင်းသားမင်ဟို က ဆက်လက်ပြီး “လေ့လာသင်ယူရတာ က အရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေး က အရေးကြီးဆုံးပါ။ သင်တို့ရဲ့ ကျောင်းတက်တဲ့ ကာလ အတွင်း လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ခွန်အားဖြစ်စေမှာပါ” လို့ မင်ဟို က အဆိုပါ ပွဲကို တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူ လေးတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ အဆိုပါ ပွဲမှာ အမေရိကန် သမ္မတကတော် Melania Trump နဲ့ မင်းသားမင်ဟို တို့ တက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူ လေးတွေနဲ့ အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။