ထိုင်းနိုင်ငံ ဘန်ကောက်မှာ မီးသတ်ဌာနမှာ ရှိတဲ့ မီးသတ်သမားတွေဟာ မီးသတ်ခြင်း အလုပ်ထက် နေအိမ်တွေကို မြွေတွေ ဝင်ရောက်လို့ မြွေတွေ လိုက်ဖမ်းပေးနေရတဲ့ အလုပ် ကို ပိုမိုလုပ်ဆောင် နေရတယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။

မြွေ ဖမ်းမိတဲ့ အမှုက ၂၀၁၃ ခုနှစ်မှာ ၁၆,၀၀၀ လောက်ရှိရာကနေ သုံး နှစ်အတွင်း နှစ်ဆနီးပါး တိုးလာခဲ့ပြီး၊ ၂၀၁၇ ပထမ နှစ်ဝက်မှာ တင် မနှစ်ကထက် ၃၀ရာခိုင်နှုန်းကျော် တိုးလာခဲ့တယ်လို့ ပြီး၊ မီးသတ်သမားတွေအတွက် မြွေကို ကိုင်တွယ် ဖမ်းချုပ်နည်း သင်တန်းပေးဖို့ လိုအပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းအမျိုးသား ဥယျာဉ် များဆိုင်ရာဌာနက တိရိစ္ဆာန် ဆေးကု ဆရာဝန် Piya Saereerak က လူနေအိမ်တွေ ထဲကို မြွေတွေ ဝင်ရောက် နေတာနဲ့ ပတ်သက်ပြီး ခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အခုလို မြွေ တွေ ပေါလာတာဟာ ဘန်ကောက်မှာ စွန့်ပစ်အမှိုက် ပြဿနာကြောင့် ဖြစ်တယ်”

လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် မြို့ပေါ်မှာ ကြွက်တွေ၊ ငှက်တွေ ပေါများလာပြီး ၎င်းတို့ကို စားသုံးတဲ့ မြွေတွေလည်း ပေါများလာတာလည်း ဖြစ်ပါတယ်။ ဘန်ကောက်မှာ ရှိနေကြတဲ့ ပြည်သူတွေအနေနဲ့ အမှိုက်ပြဿနာကို စနစ်တကျ ဖြေရှင်းနိုင်ပါက ကြွက်နဲ့ မြွေ အရေအတွက် လျော့နည်း လာမှာ ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

ဘန်ကောက်မြို့ပေါ်မှာတွေ့ရတဲ့ မြွေ အများစုဟာ အဆိပ်မရှိတာကိုလည်း တွေ့တယ်လို့ ဆိုပါတယ်။

Source – VOA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။