မော်ဒယ်သရုပ်ဆောင်မေကဗျာတစ်ယောက်ကတော့ မြစ်ကြီးနားမြို့ကိုဖျော်ဖြေရေးခရီးစဉ် အ ဖြစ်နဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ သူမဟာအနုပညာလောကရဲ့ အောင်မြင်မှုကိုကြာရှည် စွာ ထိန်းသိမ်းထား နိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ Single Mother တစ်ယောက် အဖြစ်နဲ့ ဘဝကိုအကောင်းဆုံးကြိုးစားရပ်တည်ပြီး သူမရဲ့သမီး လေးဂင်္ဂါမေကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်တဲ့ Super မေမေပါပဲ။ သူမရဲ့သမီး လေးဟာလည်း ထူးချွန်ထက်မြက်သူလေး ဖြစ်ပြီး အမေရိကန်နိုင်ငံကို ပညာတော်သင်သွား ရောက်သင်ကြားရသူလေးလည်းဖြစ်ပါတယ်။

သူမဟာအသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ဆယ်ကျော်သက်တွေနဲ့ ယှဉ်လို့ ရလောက်အောင်ထိ နုပျိုလှပနေဆဲဖြစ်ပါတယ်။ သားမိနှစ်ယောက်အတူ သွား ရင်တောင် ညီမတွေ လားလို့ထင်မှတ်ရအောင် နုပျိုနေတဲ့မေကဗျာပါပဲ။ ရုပ်ရှင်ဇာတ်ကား တွေအများကြီး ရိုက်ကူး ထားခဲ့ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေကလည်း အများ အပြားရှိကြပါတယ်။ ယခုခရီးစဉ်ကတော့ မြစ်ကြီးနားမြို့ ကဖျော်ဖြေရေးအတွက် သွားရောက်ခဲ့ တာဖြစ်ပြီး သူမရဲ့အလန်းစားပုံရိပ်တွေကိုလည်း Facebook ပေါ် ပြန်လည်မျှဝေခဲ့ပါတယ်။

အမိုက်စား Pose တွေနဲ့ အလန်းစားရှုခင်းတွေနဲ့ လှချင်တိုင်းလှနေတဲ့ မေကဗျာရဲ့ပုံရိပ် တွေကတော့ စွဲမက်ချင်စရာပါပဲ။ သူမရဲ့အလန်းစားပုံရိပ်တွေနဲ့ မြစ်ကြီးနားရဲ့ အမိုက်စား ရှု ခင်းတွေပေါင်းစပ်ထားတဲ့ အကြွေဇယားဓာတ်ပုံတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ သူမရဲ့ စွဲမက်ချင်စရာကောင်းတဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီး ကြည့် ရှုခံစားလိုက်ပါဦးနော်။ Myanmarload ရဲ့ စာဖတ်ပရိတ်သတ်တွေထဲမှာ မေကဗျာရဲ့ ပရိတ် သတ်တွေရှိကြလားရှင်…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။