ယနေ့ နိုဝင်ဘာ(၁၆)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာငွေကြယ်တစ်ပွင့်ဖြစ်တဲ့ မင်းသားချောလေး Park Hyung-sik ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

မင်းသား Park Hyung-sik ကတော့ မွေးနေ့ရက်လေးကို မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူ ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

မွေးနေ့မှာ သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းများနှင့် ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားများ ပြောပေးထားတာ တွေ့ရပါတယ်..။

ဒီနေ့မှာတော့ မွေးနေ့ရှင်ဖြစ်တဲ့ မင်းသားချောလေး Park Hyung-sik အကြောင်းကို မွေးနေ့ အမှတ်တရအဖြစ် ပရိသတ်ကြီးများအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်..။

မင်းသား Park Hyung-sik ကို (၁၉၉၁)ခုနှစ် နိုဝင်ဘာ(၁၆)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရှိ yongin မြို့မှာ မွေးဖွားခဲ့ပြီး ဗုဒ္ဓဘာသာဝင် မိသားစုမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဒီနေ့ မွေးနေ့မှာတော့ မင်းသားချော Park Hyung-sik ဟာ အသက် (၂၆)နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်..။

ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါတဲ့ Park Hyung-sik ဟာ (၂၀၀၉)ခုနှစ်မှာ Mnet ကနေ တင်ဆက်တဲ့ ZE;A’s Debut Diary အစီအစဉ်မှာ ပါဝင်ပြီး ZE;A အဖွဲ့ဝင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်..။

နောက်ပိုင်းမှာ အောင်မြင်မှုတွေရရှိလာခဲ့ပြီး (၂၀၁၃)ခုနှစ်မှာတော့ Lee Min Ho ၊ Park Shin Hye တို့နဲ့အတူ “The Heir” ဇာတ်လမ်းတွဲမှာ ပထမဆုံး ပါဝင်သရုပ်ခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီနောက်ပိုင်းမှာလည်း ဇာတ်ကားတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်လာပြီး ၂၀၁၅ ခုနှစ်မှာ “High Society , ၂၀၁၆ ခုနှစ်မှာ Hwarang: The Poet Warrior Youth ဇာတ်ကားတို့မှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မင်းသမီး Park Bo Young နဲ့ အတူ အတွဲညီညီ သရုပ်ဆောင် ရိုက်ကူးထားတဲ့ “Strong Woman Do Bong-soon” ဇာတ်ကားဟာတော့ ဇာတ်ဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်..။

အခြားဇာတ်ကားများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Heirs , High Society , Hwarang: The Poet Warrior Youth နဲ့ Strong Woman Do Bong-soon” ဇာတ်ကားတွေဟာ သူ့ရဲ့ အအောင်မြင်ဆုံးနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို တရှိန်ထိုး ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ဆက်တိုက် ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး Park Hyung-sik ဟာ လာမယ့် (၂၀၁၈)ခုနှစ်မှာလည်း ဇာတ်ကားတွေမှာ ရိုက်ကူး ပါဝင်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။